ဓာတ်ပုံရိုက်ပေးတဲ့သူက မျက်နှာချင်းကပ်ပြီးထိဖို့ပြောတာကို ရှက်ကိုးရှက်ကန်းတွေဖြစ်နေကြတဲ့ နေမျိုးအောင်တို့စုံတွဲ video လေး…ရဲ့ အကြောင်းလေးကို ပရိတ်သတ်ကြီးအတွက် တင်ပေးမှာပဲ ဖြစ်ပါတယ်။

နေမျိုးအောင်ကတော့ ပရိသတ်တွေအရမ်းကို ချစ်ခင်အားပေးရတဲ့ ပြည်သူ့အချစ်တော်မင်းသားကြီးပဲ ဖြစ်ပါတယ် ။ နေမျိုးအောင်က ဇာတ်ရုပ်မျိုးစုံကို သဘာဝကျကျ သရုပ်ဆောင်နိုင်စွမ်းရှိသလို အနုပညာစွမ်းရည်ပြည့်ဝသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ နေမျိုးအောင်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ငါးပိ၊ငါးခြောက်နဲ့စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းကိုလည်း ကိုယ်တိုင်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ နေမျိုးအောင်တို့ဇနီးမောင်နှံက နားရက်ယူပြီး အေးချမ်းသာယာတဲ့နေရာလေးတစ်ခုကို ခရီးထွက်နေကြတာပဲ ဖြစ်ပါတယ် ။ နေမျိုးအောင်တို့စုံတွဲနဲ့အတူ မေကဗျာနဲ့အခြားမိတ်ဆွေတွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ် ။

နေမျိုးအောင်တို့အဖွဲ့လေးက ကားကိုဇက်ပေါ်မှာတင်ပြီး ပင်လယ်ပြင်ကိုဖြတ်ကာ သူတို့မိတ်ဆွေရှိတဲ့ရွာလေးတစ်ရွာကို ရောက်ရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ရွာကိုသွားရင်းနဲ့ တိုးကမ်းခြေကိုလည်း ဝင်ရောက်လည်ပတ်ရင်း ညနေဆည်းဆာအလှနဲ့အတူ တပျော်တစ်ပါးကြီး ဓာတ်ဖမ်းခဲ့ကြသေးတာ ဖြစ်ပါတယ် ။

နေမျိုးအောင်တို့ဇနီးမောင်နှံကတော့ ဓာတ်ပုံရိုက်ပေးတဲ့သူက မျက်နှာချင်းကပ်ပြီး ထိဖို့ပြောနေတာကို ရှက်ကိုးရှက်ကန်းတွေဖြစ်ရင်း အပြတ်ရိုနေကြတာလည်း ဖြစ်ပါတယ် ။

သာယာလှပတဲ့ကမ်းခြေမှာ တစ်ယောက်ကိုတစ်ယောက်ဖက်ထားပြီး ကြည်နူးနေတဲ့ နေမျိုးအောင်တို့စုံတွဲကတော့ အရမ်းအားကျဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ စိတ်ကြိုက်ဓာတ်ဖမ်းရင်း အေးချမ်းတဲ့နေရာလေးမှာပျော်နေတဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။


Crd

Zawgyi***




