မောင် အဆင်ပြေရဲ့လား” သီချင်းလေး နဲ့ ပရိသတ်တွေ သတိထားမိကြတဲ့ အဆိုတော် လာဒင့်ထားရီ ဟာ ရင်သားကင်ဆာ အဆင့်(၄) ကို စတင်ခံစားခဲ့ရပြီး ဆေးနဲ့ ကုသထိန်းသိမ်းနေစဉ်မှာပဲ ဦးခေါင်းခွံပေါ်က နောက်ထပ်ကင်ဆာတစ်ခု ကို ထပ်မံခံစားခဲ့ရပြန်တဲ့ အဆိုတော်မီးမီးခဲကို “မမမီးမီးခဲလဲ ခံစားနေရတဲ့ရောဂါဝေဒနာများ ပျောက်ကင်းပြီး ဆက်လက်လှုပ်ရှားသွားမဲ့ အနုပညာမှာလဲ အောင်မြင်သောသူထက် အောင်မြင်သူ ဖြစ်ပါစေ ဘုရားရှင် ကောင်းချီးချပေးပါစေ မမရေ Fighting” လို့ ဆုတောင်းပေးထားပါတယ်။

လာ ဒင့်ထားရီကတော့ အရည်အချင်းပြည့်ဝတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပြီး ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုတော်မီးမီးခဲရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာလည်း ဧည့်သည်အဆိုတော်အဖြစ် ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။သူဟာ အဆိုတော်မီးမီးခဲရဲ့ပွဲမှာဖျော်ဖြေခွင့်ရခဲ့တဲ့အပေါ်မှာ “မနေ့က မမမီးမီးခဲရဲ့ Back To You Solo Concert ပွဲလေး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ လားဒင့်ကို ဒီလို Concertမှာ ပါဝင်သီဆိုခွင့်ပေးတဲ့ မမမီးမီးခဲနဲ့ ကိုပိ ကိုလဲကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ လိုအပ်ချက်တွေအများကြီးရှိသေးတဲ့အတွက် ဒီထက်မက ကြိုးစားသွားပါ့မယ်ရှင့်။မထင်မှတ်ဘဲ သီချင်းလေးကို အတူတူလိုက်ဆိုပေးလို့ ပိုပြီး ဝမ်းသာအားရမိပါတယ်ရှင့်။” လို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ အဆိုတော်မလေး လာဒင့်ထားရီကတော့ အရည်အချင်းပြည့်ဝတဲ့ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ရုံသာမက အဆိုတော်မီးမီးခဲရဲ့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းပြီး ဒီထက်မကအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပုံလေးက စိတ်ထားဘယ်လောက်ဖြူစင်လည်းဆိုတာ သက်သေပါပဲနော်။

Source: Lar Dint Htar Yi
DarDar-CeleGabar