ပရိသတ်ကြီး ရေနန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ဝါရင့်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

 

ဝါရင့်မင်းသားကြီးတွေနဲ့ အတွဲညီခဲ့တဲ့ နန္ဒာလှိုင်ကတော့ အိမ်ထောင်ကျချိန်ကစတင်ပြီး အနုပညာအလုပ်တွေကို ရပ်နားလိုက်ပေမယ့် အခုချိန်ထိ ပရိသတ်တွေရင်ထဲမှာ နေရာယူထားဆဲလို့ ဆိုရမှာပါ။

 

သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ သူမရဲ့ လှုပ်ရှားမှုတွေကို အခုချိန်ထိ ချစ်တဲ့ပရိသတ်တွေကစောင့်ကြည့်အားပေ းနေကြဆဲပဲပါ။

 

 

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး (၃) ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကိုေ အးအေးဆေးဆေး တည်ဆောက်နေသူပါနော်။

 

 

သူမကတော့အနုပညာလောကမှာအောင်မြင်ခဲ့ရုံသာမက အိမ်ထောင်ရေးမှာလည်း ခင်ပွန်းရဲ့အလိုလိုက်မှု သိတတ်မှု ဂရုစိုက်မှုတွေကို ရရှိကာ သာယာပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပါ။

 

ဒီနေ့မှာတော့”အောက်ထပ်ကိုပဲပြုတ်ထမင်းမှာလိုက်တာတက်လာတော့ဒီလို ဘယ်သူ့လက် ချက်လဲပြော”ဆိုတဲ့စာလေးနဲ့ငိုရခက်ရယ်ရခက်အောင် ထမင်းကြော်ပန်းကန်ထည့်ထားတဲ့ဗန်းမှာ”ဝတုတ်ကြီးဖြစ်မယ်”ဆိုတဲ့ စနောက်တဲ့စာလေးကြောင့် နန္ဒါတစ်ယောက်ဒေါသပုန်ထနေတာပဲ ဖြစ်ပါတယ်။

 

 

တရားခံဘယ်သူလဲဆိုတာတော့ နန္ဒါတစ်ယောက်မသိသေးပုံပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

 

Crd

 

Zawgyi***

 


 


 


 

 


 

 


 


 

 
