မြန်မာပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ ဖိလစ်ပိုင် Catwalk Model Sinon Loresca ကတော့ သူ့ရဲ့ ရယ်စရာဗီဒီယိုတွေနဲ့ အမိုက်စား Catwalk လျှောက်ပုံတွေကြောင့် ကမ္ဘာကျော် တဲ့အထိ အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
Sinon Loresca ကတော့ သူကိုယ်တိုင် လည်း ခက်ခဲဆင်းရဲတဲ့ဘဝက ဖြတ်သန်းခဲ့ရသူမို့ သူနဲ့ဘဝတူတွေတွေ့ရင် ကူညီချင်စိတ်အပြည့် ရှိသူပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ Sinon က ငယ်ငယ်က နှိမ့်ချဆက်ဆံခံခဲ့ရသမျှ အရွယ်ရော က်လာချိန်မှာ နိုင်ငံကျော်၊ ကမ္ဘာကျော်ဖြစ်လာခဲ့တဲ့ သူ့ဘဝအကြောင်း အခုလို ပြောလာပါတယ်။
“ကျွန်တော် ငယ်ငယ်ကလူအများရဲ့ အနိုင်ကျင့်ခံရမှုတွေ ၊ မလေးမစားဆက်ဆံခံရတာတွေ ကြုံ တွေ့ခဲ့ရပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့အရင်က ရုပ်ရည် ပုံ ပန်းသဏ္ဍာန် တွေကြောင့်ဘဲ ဖြစ်မှာပါ။
ကျွန်တော့်ကိုဘယ်သူမှယုံကြည်မှုမရှိပါဘူး။ ကျွန်တော့်မိသားစုတွေအပါအဝင်ပေါ့။ ကျွ န်တော် ဒါတွေကို ကျတော့်ဘဝရဲ့ စိန်ခေါ်မှုလို့သတ်မှတ်လိုက်တယ်။
ကျွန်တော်ရဲ့ ဘဝအိမ် က် လမ်းပေါ်လျောက်ဖို့ဆုံးဖြတ်လိုက်တယ်။ ဖိလစ်ပိုင်မှာ မင်းသားဖြစ်ဖို့ အိမ်မက်‌ တွေပေါ့။
အဲ့ တာ ကျွန်တော်အတွက်မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိနေရင်မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးလို့ကျွန်တော်သတ်မှတ် တယ်။”
“အခုတော့ ကျွန်တော့်အိမ်မက်တွေလက်တွေ့ဖြစ်လာခဲ့ပြီလေ။ ကျွန်တော့်ကို စံနမူနာ ထားစေ ချင်ပါတယ်။ ဒါကျွန်တော့်ကိုကျွန်တော်မို့လို့ အမွှန်းတင်ပြောခြင်းမဟုတ်ပါ။
မင်းဘယ်သူဘဲဖြ စ်နေပါစေ။ ဆင်းရဲနေပစေ၊ချမ်းသာနေ‌ပစေ။ အခြောက်လားLGBTလား။ ရုပ်ချောလားရုပ်ဆိုး လား။ ဘာဘဲဖြစ်နေပါစေ။
မင်းရဲ့နှလုံးသားကဖြူစင်နေသ၍ ‌တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်း ရဲ့ အိမ်မက်တွေက တိကျတဲ့အချိန်တစ်ခုမှာ ရောက်ကိုရောက်လာမှာဘဲ ဖြစ်ပါတယ် ။” ဆိုပြီး ပြော လာခဲ့တာပဲ ဖြစ်ပါတယ်။
Sinon Loresca ကတော့ ဘယ်သူမှ ထင်မှတ်မထားခဲ့ရာက အခုဆိုရင် မသိတဲ့သူမရှိလောက် အောင် ကျော်ကြားတဲ့ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။
ပရိသတ် ကြီးလည်း Sinon ပြောသလို ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာမို့ အိပ်မက်တွေကို အလျှော့မပေး ကြ ပါနဲ့နော်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော် ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Crd
Zawgyi***