ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မူးလာကတော့ လတ်တလောမှာ အောင်မြင်မှုတွေထပ်မံရရှိနေခဲ့ပါသေးတယ်။

 

အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မူးလာက အခုလိူကိုဗစ်ကာလမှာတောင် မနားမနေသီချင်းတွေကို ဖန်တီးနေခဲ့ပြီးပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ “ကျေနပ်လိုက်ပါ” ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ထပ်မံထွက်ရှိလာခဲ့ပါတယ်။

 

 

သီချင်းလေးကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျနေခဲ့ပြီး ဒီတစ်ပတ် Joox ရဲ့ ပရိသတ်အားပေးနားဆင်မှုအများဆုံး ရရှိတဲ့ Myanmar Top 10 Social Chartမှာ နံပါတ်(၁)နေရာကို ရရှိခဲ့ပါတယ်။

 

 

မူးလာကလည်း အခုလို သူ့ရဲ့သီချင်းလေးနံပါတ်(၁)နေရာရရှိတဲ့အထိကို နာဆင်းအားပေးကြတဲ့ ပရိသတ်တွေကို “Woo Praise The Lord. မွေးလလေးမှာ ကောင်းချီး မင်္ဂလာခံစားရ၏။

 

 

ချစ်ခင်အားပေးကြသော အယောက်စီတိုင်းအပေါ် သာ၍ကောင်းချီးခံစားရပါစေ။ဆက်လက်၍ကြိုးစားပါဦးမည်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကျေးဇူးတင်စကားပြောထားပါသေးတယ်။ပရိသတ်ကြီးရေ မူးလာရဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကို ဂုဏ်ယူစရာပါပဲနော်။

 

Crd

 

Zawgyi***

 


 

အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ မူးလာက အခုလိုကိုဗစ်ကာလမှာတောင် မနားမနေသီချင်းတွေကို ဖန်တီးနေခဲ့ပြီးပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ “ကျေနပ်လိုက်ပါ” ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ထပ်မံထွက်ရှိလာခဲ့ပါတယ်။

 

 


 

 


 

 
