အခု လက္ရွိမွာ ဟုိးေလးတေက်ာ္ျဖစ္ေနတဲ့ ျပည္သူခ်စ္တဲ့ အနုပညာရွင္ မဆင့္ရဲ႕ အမႈကိစၥကုိ အားလံုးသိလိုက္ၾကမွာပါ။ အဲဒီလိုျဖစ္သြားတဲ့ ကိစၥနဲ႔ ပတ္သက္ျပီးအနုညာရွင္ေတြက ကူညီဖို႔ၾကိဳးစားေနၾကသလို ပရိသတ္ေတြမ်ားစြာကလည္း စိတ္မေကာင္းျဖစ္ေနၾကတာပါ။ မဆင့္နဲ႔ ေမာင္နွမေတြလိုရင္းနွီးခ်စ္ခင္တဲ့ ကုိရန္ေလးကေတာ့ မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ မဆင့္ကို မမုန္းသြားၾကဖို႔နဲ႔ တစ္တပ္တစ္အား ကူညီပါဝင္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ကုိရန္ေလးက မဆင့္ကုိ ပရိသတ္ေတြနားလည္မႈလြဲေနၾကတာနဲ႔ ပတ္သက္ျပီး “အဲဒါကေတာ့ အစ္ကုိက ဘာမွမေျပာခ်င္ပါဘူး။ဘာလို႔ဆိုေတာ့ ကာယကံရွင္ေတြ အသိဆံုးပဲေလ။ ဘာလို႔ဆိုေတာ့ အစ္ကုိတို႔ စိတ္ထဲမွာ ခံစားရတာက ကုိယ့္အစ္မတစ္ေယာက္ ကုိယ့္ညီမတစ္ေယာက္သာျဖစ္ခဲ့လို႔ရွိရင္ေပါ့ေနာ္။ အဲ့စိတ္တစ္ခုထဲနဲ႔ ကူညီတာပါ။ အဲ့ဒီစိတ္ေလးရွိပါ အဲဒါပါပဲ”လို႔ ေျပာထားပါတယ္။ ကုိရန္ေလးက မဆင့္ကုိလည္း အခုအေျခအေနေတြအတြက္ အားေပးစကားေလးေျပာၾကားထားပါေသးတယ္။

ကုိရန္ေလးက မဆင့္ကုိ အားေပးတဲ့ အေနနဲ႔ “ကြ်န္ေတာ္တို႔ကေတာ့ မျမင္ခ်င္ဘူး။ မၾကားခ်င္ဘူးေလ။ ျဖစ္ျပီးသြားမွေတာ့ အေကာင္းဆံုးျဖစ္ေအာင္ ေျဖရွင္းၾကရေတာ့မွာေပါ့ေနာ္။ တစ္ခုရွိတာက လူဆိုတာက ေလာကဓံကုိ ခံစားၾကရတာခ်ည္းပါပဲ။ အဲဒီေတာ့ အဲဒီကိစၥအတြက္နဲ႔ မဆင့္ကုိ မမုန္းသြားၾကဖို႔လည္း ကြ်န္ေတာ္က ပရိသတ္ၾကီးကုိ ေမတၱာရပ္ခံခ်င္ပါတယ္။ လူဆိုတာက လူ႔သဘာဝ ဓေလ့ ဒီလိုပဲ ျဖစ္တတ္ၾကတဲ့ ထံုးစံရွိတဲ့အတြက္ေၾကာင့္ ဒီလိုပဲ ျဖစ္သြားၾကတယ္လို႔ သေဘာထားပါ။ လူဟာလူပဲဆိုေတာ့ လူ႔ေလာကဓံကုိေတာ့ ခံၾကရမွာပါပဲဗ်။ သီးသန္႔ထူးျခားသြားတယ္လို႔ မဟုတ္ပါဘူး။ ပရိသတ္ခ်စ္ခံရတဲ့လူတစ္ေယာက္ကလည္း ဒီလုိမ်ိဳးျဖစ္သြားတယ္ဆိုေတာ့လည္း ရင္ထဲမွာ ပုိျပီးေတာ့ခံစားရတာေပါ့ေလ။ မျဖစ္ေစခ်င္တဲ့ ဆႏၵေတြလည္းရွိၾကတာေပါ့ေလ။ အဲဒီေတာ့ မမုန္းပါနဲ႔လုိ႔ ေျပာခ်င္ပါတယ္ခင္ဗ်”လို႔ ေျဖၾကားထားပါတယ္။

ဒါ့အျပင္ မဆင့္ကုိလည္း ကုိရန္ေလးက “မဆင့္ကုိလည္း ကြ်န္ေတာ္ စကားလူၾကံဳပါးပါတယ္။ သြားမယ့္လူရွိလို႔ရွိရင္ေလ။ စိတ္ဓာတ္မက်ပါနဲ႔ ဘုရားတရားပုိလုပ္ပါ။ ဒါျဖစ္တတ္တဲ့ သဘာဝပါပဲ။ ျဖစ္တတ္တဲ့ အစဥ္အလာေတြပါ။ ျဖစ္တတ္တဲ့ အခ်ိဳးအေကြ႕ေတြေပ့ါ။ အခ်ိဳးအေကြ႕လု႔ိပဲ သေဘာထားပါ။ ကြ်န္ေတာ္တု႔ိဆို ေနမေကာင္းအၾကီးအက်ယ္ျဖစ္ဖူးတယ္။ ျဖစ္ဖူးတဲ့အခါက်ေတာ့ ကြ်န္ေတာ့္ရဲ႕ ခရီးတစ္ေလွ်ာက္ေပါ့ေနာ္။ သက္တမ္းတစ္ခုကို အေပၚစီးကေနၾကည့္လိုက္တဲ့အခါက်ေတာ့ ဒါက ျဖစ္တတ္တဲ့ ေနရာတစ္ခုပဲ။ျဖစ္ကုိျဖစ္မွာ ျပီးရင္ျပန္ေကာင္းမွာပဲ။ အဲ့လိုပဲသေဘာထားပါတယ္ခင္ဗ်။ အဲ့လိုုပဲသေဘာထားပါလို႔လည္းေျပာခ်င္ပါတယ္”လို႔ စကားၾကံဳပါးထားတာလည္းေတြ႕ရပါတယ္။

ပရိသတ္ၾကီးေရာ တစ္ခ်ိန္တစ္ခါကအတြဲညီညီနဲ႔ ရုပ္ရွင္ေတြထဲမွာ အတူသရုပ္ေဆာင္ဖူးၾကတဲ့ ကုိရန္ေလးနဲ႔ မဆင့္ကုိ လြမ္းမိၾကလား။ သူတို႔နွစ္ေယာက္အတူသရုပ္ေဆာင္တဲ့ ဇာတ္ကားအသစ္ေတြကုိေရာ ၾကည့္ခ်င္ၾကလား။ မဆင့္အတြက္လည္း အေျခအေနေတြအျမန္ဆံုးအဆင္ေျပေစဖု႔ိ႔ ဆုေတာင္းေပးခဲ့ၾကပါဦး။

Credit ေျပာခ်င္လြန္းလို႔

Unicode

အခု လက်ရှိမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင် မဆင့်ရဲ့ အမှုကိစ္စကို အားလုံးသိလိုက်ကြမှာပါ။ အဲဒီလိုဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးအနုညာရှင်တွေက ကူညီဖို့ကြိုးစားနေကြသလို ပရိသတ်တွေများစွာကလည်း စိတ်မကောင်းဖြစ်နေကြတာပါ။ မဆင့်နဲ့ မောင်နှမတွေလိုရင်းနှီးချစ်ခင်တဲ့ ကိုရန်လေးကတော့ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ မဆင့်ကို မမုန်းသွားကြဖို့နဲ့ တစ်တပ်တစ်အား ကူညီပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုရန်လေးက မဆင့်ကို ပရိသတ်တွေနားလည်မှုလွဲနေကြတာနဲ့ ပတ်သက်ပြီး “အဲဒါကတော့ အစ်ကိုက ဘာမှမပြောချင်ပါဘူး။ဘာလို့ဆိုတော့ ကာယကံရှင်တွေ အသိဆုံးပဲလေ။ ဘာလို့ဆိုတော့ အစ်ကိုတို့ စိတ်ထဲမှာ ခံစားရတာက ကိုယ့်အစ်မတစ်ယောက် ကိုယ့်ညီမတစ်ယောက်သာဖြစ်ခဲ့လို့ရှိရင်ပေါ့နော်။ အဲ့စိတ်တစ်ခုထဲနဲ့ ကူညီတာပါ။ အဲ့ဒီစိတ်လေးရှိပါ အဲဒါပါပဲ”လို့ ပြောထားပါတယ်။ ကိုရန်လေးက မဆင့်ကိုလည်း အခုအခြေအနေတွေအတွက် အားပေးစကားလေးပြောကြားထားပါသေးတယ်။

ကိုရန်လေးက မဆင့်ကို အားပေးတဲ့ အနေနဲ့ “ကျွန်တော်တို့ကတော့ မမြင်ချင်ဘူး။ မကြားချင်ဘူးလေ။ ဖြစ်ပြီးသွားမှတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းကြရတော့မှာပေါ့နော်။ တစ်ခုရှိတာက လူဆိုတာက လောကဓံကို ခံစားကြရတာချည်းပါပဲ။ အဲဒီတော့ အဲဒီကိစ္စအတွက်နဲ့ မဆင့်ကို မမုန်းသွားကြဖို့လည်း ကျွန်တော်က ပရိသတ်ကြီးကို မေတ္တာရပ်ခံချင်ပါတယ်။ လူဆိုတာက လူ့သဘာဝ ဓလေ့ ဒီလိုပဲ ဖြစ်တတ်ကြတဲ့ ထုံးစံရှိတဲ့အတွက်ကြောင့် ဒီလိုပဲ ဖြစ်သွားကြတယ်လို့ သဘောထားပါ။ လူဟာလူပဲဆိုတော့ လူ့လောကဓံကိုတော့ ခံကြရမှာပါပဲဗျ။ သီးသန့်ထူးခြားသွားတယ်လို့ မဟုတ်ပါဘူး။ ပရိသတ်ချစ်ခံရတဲ့လူတစ်ယောက်ကလည်း ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့လည်း ရင်ထဲမှာ ပိုပြီးတော့ခံစားရတာပေါ့လေ။ မဖြစ်စေချင်တဲ့ ဆန္ဒတွေလည်းရှိကြတာပေါ့လေ။ အဲဒီတော့ မမုန်းပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျ”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် မဆင့်ကိုလည်း ကိုရန်လေးက “မဆင့်ကိုလည်း ကျွန်တော် စကားလူကြုံပါးပါတယ်။ သွားမယ့်လူရှိလို့ရှိရင်လေ။ စိတ်ဓာတ်မကျပါနဲ့ ဘုရားတရားပိုလုပ်ပါ။ ဒါဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဖြစ်တတ်တဲ့ အစဉ်အလာတွေပါ။ ဖြစ်တတ်တဲ့ အချိုးအကွေ့တွေပေ့ါ။ အချိုးအကွေ့လို့ပဲ သဘောထားပါ။ ကျွန်တော်တို့ဆို နေမကောင်းအကြီးအကျယ်ဖြစ်ဖူးတယ်။ ဖြစ်ဖူးတဲ့အခါကျတော့ ကျွန်တော့်ရဲ့ ခရီးတစ်လျှောက်ပေါ့နော်။ သက်တမ်းတစ်ခုကို အပေါ်စီးကနေကြည့်လိုက်တဲ့အခါကျတော့ ဒါက ဖြစ်တတ်တဲ့ နေရာတစ်ခုပဲ။ဖြစ်ကိုဖြစ်မှာ ပြီးရင်ပြန်ကောင်းမှာပဲ။ အဲ့လိုပဲသဘောထားပါတယ်ခင်ဗျ။ အဲ့လိုုပဲသဘောထားပါလို့လည်းပြောချင်ပါတယ်”လို့ စကားကြုံပါးထားတာလည်းတွေ့ရပါတယ်။

ပရိသတ်ကြီးရော တစ်ချိန်တစ်ခါကအတွဲညီညီနဲ့ ရုပ်ရှင်တွေထဲမှာ အတူသရုပ်ဆောင်ဖူးကြတဲ့ ကိုရန်လေးနဲ့ မဆင့်ကို လွမ်းမိကြလား။ သူတို့နှစ်ယောက်အတူသရုပ်ဆောင်တဲ့ ဇာတ်ကားအသစ်တွေကိုရော ကြည့်ချင်ကြလား။ မဆင့်အတွက်လည်း အခြေအနေတွေအမြန်ဆုံးအဆင်ပြေစေဖို့့ ဆုတောင်းပေးခဲ့ကြပါဦး။

Credit ပြောချင်လွန်းလို့