ဗစ်တိုးရီးယားအမှု မှ သက်သေခံများ ကို ဖျက်ဆီးရန် အမိန့်ချထားမှုတွင် အမျိုးသား သုက်ပိုးတွေ့ရှိခဲ့သည်ဆိုသော ဗစ်တိုးရီးယား၏ အင်္ကျီအဝတ်အ ထည်များ ပါဝင်နေသဖြင့် တရား ခံအစစ်ပေါ်ပေါက်ရန် အရေးကြီး သောကြောင့် ၎င်းတို့ကို မဖျက်ဆီးဘဲ ပြန်ပေးရန် ဖခင်ဖြစ်သူက တောင်းဆိုသည်။

‘‘သမီးလေး ဘောင်းဘီမှာ လည်း DNA စစ်တဲ့ ဘောင်းဘီပါ နေတယ်လေ။ ဖျက်ဆီးလိုက်လို့ တော့ မဖြစ်ဘူးလေ။ အဲဒါကြောင့် မို့ ကျွန်တော်တို့က ဒါ မဖျက်ဆီး ဘဲ ကျွန်တော်တို့ဆီ ပြန်တောင်း တဲ့သဘောပါပဲ’’ဟု ၎င်းက ပြော သည်။

သက်သေခံပစ္စည်းများထဲ တွင် အားလုံးကို ဆိုလိုခြင်းမဟုတ် ဘဲ အခင်းဖြစ်သည့်နေ့တွင် ဝတ် ဆင်ခဲ့သည့် ဗစ်တိုးရီးယား၏ အ ဝတ်အထည်နှင့် အောင်ကြီးအ ဝတ်အထည်များကိုသာ ဖျက်ဆီး ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အောင်ကြီးဘက်မှ တရားလွှတ် တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ရှင်းပြသည်။ သို့သော် အောင်ကြီး၏ အ ဝတ်အထည်များကိုမူ ၎င်းတို့အ နေဖြင့် ပြန်လည်တောင်းယူရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုသည်။လက်ရှိအချိန်ထိ အမှုသည် တရားခံအစစ်မပေါ်ပေါက်သေး ဘဲ တရားရုံးက ဖျက်ဆီးရန် အ မိန့်ချမှတ်ထားပြီး ဖျက်ဆီးပါက ပျောက်ပျက်သွားမည့်အတူတူ သမီးငယ်၏ အဝတ်အထည်များ ကို မိဘများသို့ ပြန်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ က ပြောသည်။

ထို့ကြောင့် ဗစ်တိုးရီးယား အင်္ကျီအဝတ်အထည်များကို မဖျက်ဆီးဘဲ ပြန်ပေးရန် ဒက္ခိဏ ခရိုင်တရားရုံးထံ ဇန်နဝါရီ ၉ ရက် တွင် ဖခင်ဖြစ်သူက လျှောက်လွှာ တင်သွင်းခဲ့သော်လည်း ချမှတ်ပြီး သားအမိန့်ကို ပြန်ဖျက်မရ၍ အ ထက်တရားရုံးသို့ တင်ပြရန် ပြော ဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။ ဗစ်တိုးရီးယားအမှုတွင် အောင်ကြီးကို တရားစွဲဆိုခြင်း သည် မှားယွင်းမှုဖြစ်ပြီး သက်သေ ခံအဖြစ် သိမ်းဆည်းထားသည့် ဗစ်တိုးရီးယားအဝတ်အထည်များ နှင့် အောင်ကြီး၏ အဝတ်အထည် များကို အယူခံပြင်ဆင်ရက်ပေါင်း ၆၀ ကျော်ပါက ဖျက်ဆီးစေရန်ဟု အမိန့်ချမှတ်ထားသည်။ အောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်က တရားရှင်လွှတ်ပေးခဲ့၍ လာမည့် ဖေဖော်ဝါရီ ၁၈ ရက် တွင် အယူခံပြင်ဆင်ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။

ထိုသို့ ဖျက်ဆီးရန် အမိန့် ချမှတ်ခြင်းသည် သက်သေခံ ပစ္စည်းများ ပါရှိသည့် အမှုတိုင်း တွင်ဖြစ်ကြောင်း ဒေါ်စုဒါလီ အောင်က ဆိုသည်။အောင်ကြီးကို တရားရှင် လွှတ်ပေးမှုအပေါ် ရဲတပ်ဖွဲ့နှင့် ဥပဒေရုံးတို့အနေဖြင့် မကျေနပ် ပါက အဆင့်မြင့်တရားရုံးသို့ ပြင် ဆင်ချက် တင်နိုင်သော်လည်း လက်ရှိ တစ်လခန့်ကြာမြင့်ချိန်ထိ ပြင်ဆင်ချက်တက်ရန် အခြေအ နေကို မသိရှိရသေးပေ။ ဒက္ခိဏခရိုင် ဥပဒေရုံးသို့ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက် ၍ အဆင့်မြင့်တရားရုံးတော်သို့ အယူခံတက်ရန် အစီအစဉ် ရှိ၊ မရှိ သွားရောက်မေးမြန်းသော်လည်း အမှုကို တာဝန်ယူစစ်ဆေးနေ သည့် ဥပဒေအရာရှိမရှိ၍ မေး မြန်းခွင့်မရခဲ့ပေ။

Source : 7 Days News