Myanmar Idol Season 4 ပြိုင်ပွဲကြီးရဲ့ Winner ဆု ရင် အက်စတာဒေါ့ချင်းဆုန်ဟာ MM Idol ပြိုင်ပွဲရဲ့ ပထမဆုံးသော အမျိုးသမီး Winner ဆုရှင်ဖြစ်ပါတယ်…ချင်းလူမျိုးဖြစ်တဲ့ အက်စတာဟာ ရိုးသားပွင့်လင်းသလို မိမိအပေါ် ဝေဖန်လာမှုတွေကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ဖြေရှင်းပြတတ်သူပါ…ခုလည်းပဲ သူ့မှာ အိမ်ထောင်ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုကနေ ဖြစ်ရပ်မှန်ကို အက်စတာက ပြောပြခဲ့ပါတယ်…

“သူ့အေ ပ်ါဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး အရင်ဆုံးစပြောခဲ့ရာမှာတော့ ဝေဖန်နေတဲ့သူတွေအပေါ် ထွေထွေထူးထူးဘာမှပြောစရာမရှိဘဲ သူတို့နေရာမှာ မိမိဖြစ်လည်း လူဖြစ်တဲ့အတွက် ပြောဖြစ်မှာပဲလို့ ဆိုပါတယ်…ဝေဖန်သူတွေ ချစ်သွားအောင်နေပါ့မယ်လို့လည်း အက်စတာက ကတိပေးခဲ့ပါတယ်…ဒါ့အပြင် ကလေးအမေ အိမ်ထောင်နဲ့ ဆိုပြီး ပြောနေကြတဲ့ အပေါ်မှာလည်း အဆိုပါကလေးလေးဟာ အဒေါ်ဖြစ်သူရဲ့အငယ်ဆုံးသမီးလေးဖြစ်တယ်လို့ ဆိုခဲ့ပြီး…

အလှူတစ်ခုဆိုင်းဘုတ်မှာ ယောက်ကျားလေးတစ်ယောက်နာမည်နဲ့ တွဲပြီး သူ့နာမည်ကို အလှူရှင်နေရာမှာ ထည့်ထားခဲ့တာဟာလည်း သူမကိုချစ်တဲ့ ပရိသတ်က သူ့နာမည်ကိုထည့်ပေးတာသာဖြစ်ပြီး ဒါကြောင့် ပရိသတ်က ယောက်ကျားရှိတယ်လို့အထင်လွဲသွားတာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်…ဒါ့အပြင် ဒီနှစ်မှ ဘွဲ့ယူမှာဖြစ်ပြီး ဘွဲ့ယူရင် လာခဲ့နိုင်ကြောင်းနဲ့ ချစ်သူမရှိသေးကြောင်းကိုလည်း အက်စတာက ထည့်သွင်းဖြေဆိုသွားခဲ့ပါတယ်….”

ခုဆိုရင်တော့ အက်စတာရဲ့ ဖြေရှင်းမှုကြောင့် ပရိသတ်တွေကလည်း အမြင်ရှင်းသွားပြီဖြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ မိဘမဲ့ကလေးတွေအတွက်လည်း ပရဟိတအလုပ်တွေ လုပ်သွားပါ့မယ်လို့ အက်စတာကပြောဆိုခဲ့ပါတယ်…သူဖြေဆိုခဲ့တဲ့ အင်တာဗျူးဗီဒီယိုအပြည့်အစုံလေးကိုလည်း ကြည့်ရှုနိုင်ဖို့ အောက်မှာ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…