လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့နိုင်းဝမ်းကတော့ ရက်ပ်သီချင်းကောင်းတွေနဲ့ ပရိသတ်အချစ်ကိုရယူထားနိုင်သူပါ။

 

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုပွင့်ပွင့်လင်းလင်းပြောလေ့ရှိတဲ့နိုင်းဝမ်းကတော့ (၁၁) နှစ်ကျော်တွဲခဲ့တဲ့ချစ်သူလေးကိုလည်း ပရိသတ်တွေကိုအသိပေးခဲ့သူပါ။

 

 

ဒါ့အပြင် နိုင်းဝမ်းကတော့ ကာလကြာရှည်တွဲခဲ့တဲ့ချစ်သူလေးနဲ့လက်ထပ်တော့မယ့်အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးထားခဲ့တာဖြစ်ပြီး ဒီနေ့လေးမှာတော့ တရားဝင်လက်ထပ်ခဲ့ကြပြီ ဖြစ်ပါတယ်။

 

နိုင်းဝမ်းကတော့ ဒီဇင်ဘာလ(၉)ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးမယ့်အကြောင်းကို ပရိသတ်တွေကို မကြာသေးခင်ကအသိပေးခဲ့ပါတယ်။

 

 

မင်္ဂလာပွဲခမ်းခမ်းနားနားလုပ်ချင်ပေမယ့်လည်း ကိုဗစ်ကြောင့် မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးတာသာလုပ်ခွင့်ရခဲ့တာပါ။

 

နိုင်းဝမ်းကတော့ ဒီနေ့မှာချစ်ရသူနဲ့အတူ ဘဝခရီးအသစ်ကိုစတင်ခဲ့ပြီဖြစ်ကြောင်းကို ဖေ့ဘွတ်ခ်စာမျက်နှာကနေပြီးတော့ အသိပေးခဲ့ပါတယ်။

 

 

မင်္ဂလာနေ့ရက်လေးမှစပြီး နိုင်းဝမ်းတို့ဇနီးမောင်နှံ(၂)ဦး သက်ဆုံးတိုင်သာယာပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားစေနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

 

Crd

 

ZAwgyi***

 


 


 

 


 


 

 


 


 


 

 
