“မြမြ” ဆိုတဲ့ မိန်းကလေး ဟာ အဓမ္မပြုကျင့်ပြီး အသတ်ခံရတဲ့အကြောင်းကို ပြီးခဲ့တဲ့ သင်္ကြန်ကာလ အပြီး နှစ်ဆန်းတစ်ရက်နေ့မှာတုန်းက စက်ရုံတစ်ရုံက အလုပ်သမလေးတစ်ဦးကို ဝင်ပူးပြီး ပြောပြခဲ့ပါတယ်…ဒီသတင်းဟာလည်း လူမှုကွန်ရက်ကနေတစ်ဆင့်ပြန့်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်…အဲဒီအချိန်တုန်းက ဝင်ပူးခဲ့ရတဲ့ အလုပ်သမလေးရဲ့ ဖခင်ဖြစ်သူက သူ့သမီးအနေနဲ့ အဆိုပါကိစ္စဖြစ်ပြီးထဲက အိမ်ပြန်မလာလို့ အိမ်ပြန်လာစေချင်တဲ့အကြောင်းကို အင်တာဗျူးတစ်ခုကနေ ရင်ဖွင့်ခဲ့ပါတယ်…

အဆိုပါဝင်ပူးခံရတဲ့ မိန်းကလေးနာမည်က ခင်ဇာခြည်လွင်လို့ခေါ်ပါတယ်…သူ့ရဲ့ ဖခင်ဖြစ်တဲ့ ဦးကိုကိုလွင်ကို သမီးလေးကို အိမ်ပြန်လာစေချင်တဲ့အကြောင်းတွေကို ခုလိုပြောပြခဲ့တာပါ…

“သမီးလေးခုလို ခွဲခွာနေတဲ့အတွက် သူ့မျက်နှာဟာ ပြုံးပျော်ရွှင်နေရပေမဲ့ ရင်ထဲမှာတော့ လုံးဝမကောင်းဘူးလို့ ဦးကိုကိုလွင်က ဆိုပါတယ်…အဆိုပါ ဖြစ်တဲ့နေ့က သမီးဖြစ်သူဟာ တရားသွားနာတာဖြစ်ပြီး နာနေတဲ့အချိန်မှာပဲ ဝင်ပူးပြီး အဖြစ်အပျက်တွေ ပြောပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်….ဖြစ်တဲ့အချိန်မှာလည်း သမီးအနားမှာပဲ ရှိနေခဲ့တယ်လို့ သိရပါတယ်…..

ဒါကို ယုံကြည်သူတွေရှိသလို မယုံသူတွေရှိပေမဲ့ လက်တွေ့ကြုံရင် ယုံသွားကြမယ်လို့ ဦးကိုကိုလွင်က ဆိုပြီး သူကတော့ ကြုံဖူးလို့ ယုံတယ်လို့ ဆိုခဲ့ပါတယ်….အဲဒီအချိန်မှာ ဘေးနားက အမျိုးသမီးတစ်ဦးရဲ့ သိမ်ဝင်ပုတီးကိုယူပြီး ပူးနေတဲ့ သမီးကို စွပ်ပေးခဲ့တဲ့အကြောင်းတွေလည်း ပြောပြခဲ့ပါတယ်…မြမြဇာတ်ကားရိုက်ကူးလာတာနဲ့ ပတ်သက်ပြီး ဒါဟာလည်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို တင်ပြတာပဲ ဖြစ်ပါတယ်လို့ ဆိုခဲ့ကာ မြမြရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပူးကပ်ပြီး ပြောမှ သိရလို့ တိတိကျကျမသိရလိုက်လို့မရဖြစ်တယ်လို့ လည်း သူကဆိုခဲ့ပါတယ်…

သူ့သမီးဖြစ်သူဟာ နောက်ပိုင်းစိတ်ထိခိုက်ပြီး အဆိုပါအလုပ်ကနေတောင် ထွက်ခဲ့ရတယ်လို့ ဝမ်းနည်းစွာနဲ့ ဆက်ပြောပြပါတယ်…. အဲဒီနောက်ပိုင်းမှာတော့ သူ့သမီးဟာ ရှက်ပြီးမိဘအိမ်တောင်မနေတော့ဘဲ အဒေါ့်အိမ်သွားနေကာ ယနေ့အချိန်ထိ ပြန်မလာသေးဘဲ မတွေ့ရတော့ဘူးလို့ ကြေကွဲစွာနဲ့ ဆိုခဲ့ပါတယ်…အဲတာကြောင့် သမီးလေးကို အိမ်ပြန်လာစေချင်တယ်လို့ အဖေဖြစ်သူ ဦးကိုကိုလွင်က ဆိုခဲ့ပါတယ်….

မြမြ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားလေးဟာလည်း မကြာခင်မှာထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်…အင်တာဗျူးအပြည့်အစုံလေးကိုတော့ အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်..

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Cele Gabar