ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ဘင်ဂျမင်ကတော့ လတ်တလောမှာ အေးမြဖြူနဲ့အတူတူ သီချင်းလေးဖန်တီသွားဖို့ စီစဉ်နေခဲ့ပါတယ်။

 

အခုလို စီစဉ်နေတဲ့အကြောင်းကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးတော့ အေးမြဖြူနဲ့ တွဲရိုက်ထားတဲ့ပုံလေးနဲ့အတူ “Duet Song? with AYE MYA PHYU?” ဆိုပြီး ပရိသတ်တွေကို အသိပေးလာခဲ့တာပါ။

 

 

ဘင်ဂျမင်နဲ့ အေးမြဖြူတို့က မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ကတည်းက မောင်နှမအရင်းတွေလို ချစ်ခင်ခဲ့ကြတာလည်း ပရိသတ်တွေ တွေ့မြင်ခဲ့ရတဲ့ အတိုင်းပါပဲ။

 

အခုလို ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး အနုပညာလမ်းကြောင်းကို အသီးသီးလျှောက်လှမ်းနေကြတာဖြစ်ပြီး ပရိသတ်တွေလည်း အခိုင်အမာရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။

 

 

အခုလို နှစ်ယောက်အတူတူ တွဲဖက်ပြီး Duet Song လေး တစ်ပုဒ်ကို ဖန်တီးသွားမယ့် အစီစဉ်လေးကြောင့် ပရိသတ်တွေကလည်း ဝမ်းသာနေကြပါသေးတယ်။

 

ပါရမီပါလွန်းလှတဲ့ သူတို့နှစ်ယောက် အတူဖန်တီးမှာဆိုတော့ ပရိသတ်တွေကတော့ သီချင်းလေးကို မျှော်လင့်နေတဲ့အကြောင်းတွေလည်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။

 

 

ပရိသတ်ကြီးတွေထဲက ဘင်ဂျမင်နဲ့ အေးမြဖြူရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

 

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။

 

Crd

 

Zawgyi***

 


 


 

 


 


 

 


 


 

 

 


 
