အဆိုတော်ရဲလေးကတော့ သူ့ရဲ့ B.Barbie သီချင်း Remix လေးကို အပိုင်းလေးတွေနဲ့ ထုတ်လွှင့်လာခဲ့တဲ့ အခုဆို (၇)ပိုင်းမြောက်ကို ရောက်ရှိခဲ့ပါပြီ ။

 

ဒီတစ်ခါ Ep 07ကို Guest လုပ်ပြီး ဝန်းရံပေးထားသူကတော့ တေးသံရှင် မိစန္ဒီပဲဖြစ်ပါတယ် ။ မိစန္ဒီ ရဲ့အရေးအသားများနဲ့ ဆိုဟန်တွေနဲ့အတူ B.Barbie ရဲ့ Remix Ep 07ကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် နော် ။

 

 

ဒီ Music Video မှာ မိစန္ဒီနဲ့ ရဲလေးတို့က ထူးထူးခြားခြားလေးအဖြစ် အရုပ်လေးတွေလို သရုပ်ဆောင်ထားကြတာဖြစ်ပြီး မိတ်ကပ်တွေကိုလည်း အရုပ်နဲ့တူတောင် သေချာအနုစိတ်ပြင်ဆင်ခြယ်သခဲ့ကြတာဖြစ်ပါတယ် ။

 

music video ကိုကြည့်ပြီး ဓာတ်ပုံလေးတွေ မကြည့်ရသေးတဲ့ ပရိသတ်တွေ အတွက် မိစန္ဒီက ဂျပန်က မှာထားတဲ့ အရုပ်ဘဝ ခေတ္တရောက်ရှိခြင်း အမှတ်တရ ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

 

 

B.Barbie သီချင်းလေးရဲ့ Ep 07 ကို Guest လုပ်ပြီး အမိုက်စား Rap စာသားလေးတွေ သီဆိုပေးခဲ့တဲ့ မိစန္ဒီ ရဲ့သီချင်းလေး နဲ့ အရုပ်လေးတွေလို ချစ်ဖို့ကောင်းတဲ့ သူမတို့နှစ်ယောက်ရဲ့ MV လေးကို ကြည့်ရှုပြီးပြီဆိုတော့ နောက်လာမယ့် Ep 08 ရဲ့ Guest က ဘယ်သူများဖြစ်မလဲ ဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်နော် ။

 

 

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။

 

Crd

 

Zawgyi***

 

အဆိုေတာ္ရဲေလးကေတာ့ သူ႔ရဲ႕ B.Barbie သီခ်င္း Remix ေလးကို အပိုင္းေလးေတြနဲ႔ ထုတ္လႊင့္လာခဲ့တဲ့ အခုဆို (၇)ပိုင္းေျမာက္ကို ေရာက္ရွိခဲ့ပါၿပီ ။

 

ဒီတစ္ခါ Ep 07ကို Guest လုပ္ၿပီး ဝန္းရံေပးထားသူကေတာ့ ေတးသံရွင္ မိစႏၵီပဲျဖစ္ပါတယ္ ။ မိစႏၵီ ရဲ႕အေရးအသားမ်ားနဲ႔ ဆိုဟန္ေတြနဲ႔အတူ B.Barbie ရဲ႕ Remix Ep 07ကို ပရိသတ္ေတြအတြက္ ထပ္မံတင္ဆက္ေပးလိုက္ပါတယ္ ေနာ္ ။

 

 

ဒီ Music Video မွာ မိစႏၵီနဲ႔ ရဲေလးတို႔က ထူးထူးျခားျခားေလးအျဖစ္ အ႐ုပ္ေလးေတြလို သ႐ုပ္ေဆာင္ထားၾကတာျဖစ္ၿပီး မိတ္ကပ္ေတြကိုလည္း အ႐ုပ္နဲ႔တူေတာင္ ေသခ်ာအႏုစိတ္ျပင္ဆင္ျခယ္သခဲ့ၾကတာျဖစ္ပါတယ္ ။

 

music video ကိုၾကည့္ၿပီး ဓာတ္ပုံေလးေတြ မၾကည့္ရေသးတဲ့ ပရိသတ္ေတြ အတြက္ မိစႏၵီက ဂ်ပန္က မွာထားတဲ့ အ႐ုပ္ဘဝ ေခတၱေရာက္ရွိျခင္း အမွတ္တရ ဆိုတဲ့စာသားေလးနဲ႔အတူ သူမတို႔ရဲ႕ပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။

 

 

B.Barbie သီခ်င္းေလးရဲ႕ Ep 07 ကို Guest လုပ္ၿပီး အမိုက္စား Rap စာသားေလးေတြ သီဆိုေပးခဲ့တဲ့ မိစႏၵီ ရဲ႕သီခ်င္းေလး နဲ႔ အ႐ုပ္ေလးေတြလို ခ်စ္ဖို႔ေကာင္းတဲ့ သူမတို႔ႏွစ္ေယာက္ရဲ႕ MV ေလးကို ၾကည့္ရႈၿပီးၿပီဆိုေတာ့ ေနာက္လာမယ့္ Ep 08 ရဲ႕ Guest က ဘယ္သူမ်ားျဖစ္မလဲ ဆိုတာ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္လိုက္ၾကရေအာင္ေနာ္ ။

 

 

ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္႐ႊင္သာယာတဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္.။