သမီးရှင်သီချင်းနဲ့ ပရိသတ်တွေရင်ထဲကိုရောက်လာတဲ့ ဗျူဟာကတော့ လူငယ်ပရိသတ်တွေ ရဲ့အားပေးမှုအပြည့်အဝရထားတဲ့ Hip Hop အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ် ။

 

ကိုယ်တိုင်ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေကို လူငယ်တွေအတွက် Sharing လုပ်ပေးတဲ့ သီချင်းကောင်းလေးတွေ အများကြီးကို ရေးသားသီဆိုခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။

 

 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေသိပ်မသိသေးပေမယ့် ဆယ်ကျော်သက်လူငယ်တော်တော်များများကတော့ ဗျူဟာရဲ့ သီချင်းတွေကို အားပေးကြလို့ လူငယ်တွေကြားမှာရေပန်းစားတဲ့ အဆိုတော်လည်းဖြစ်ပါတယ် ။

 

အဆိုတော် ဗျူဟာက ကိုယ်တိုင်ရေးသားသီဆိုသလို တခြားအနုပညာရှင်တွေအတွက်လည်း သီချင်းလေးတွေ ရေးပေးလေ့ရှိပါတယ် ။ လတ်တလောမှာတော့ ဗျူဟာက ရွှေနဲ့သီချင်းအပ်ရင် ရွှေဖြစ်မယ့်သီချင်း ၊ ရေးပေးတယ် ၊ ငွေနဲ့သီချင်းအပ်ရင် ၊ငွေဖြစ်မယ့်သီချင်း ၊ရေးပေးတယ်….

 

လေနဲ့သီချင်းအပ်ရင်၊ လေ အဖြစ်နဲ့ ပဲသီချင်း ရေးပေးလိုက်တယ်၊၊ တန်ရာတန်ရာပဲ ၊၊ ဂီတလောကထဲမှာတေးရေးဆရာတွေကို တန်ဖိုးမထားတက်ရင် ၊ အဆို တော် မလုပ် နဲ့ လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်က နေ ရေးသားဖော်ပြခဲ့ပါတယ် ။

 

 

ပရိသတ်တွေကတော့ ဗျူဟာရဲ့ အနုပညာအပေါ် တန်ဖိုးထားတဲ့ စိတ်လေးကို လေးစားကြောင်းမှတ်ချက်တွေရေးသားထားကြသလို အနုပညာကို တန်ဖိုးမထားဘဲ ပေါ့ပေါ့တန်တန် သီချင်းအပ်တဲ့ သူတွေကိုလည်း ရှုံ့ချပြောဆိုထားကြတာတွေ့ရပါတယ် ။ ပရိသတ်တွေရော အနုပညာရှင်တွေ ရော တေးရေး တွေကိုတန်ဖိုးထားနိုင်ကြပါစေ နော် ။

 

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.။

 

Crd

 

Zawgyi***

 


 


 


 

 

 

 


 


 

 


 
