အပြင်မှာလည်းစီးပွားရှာရတဲ့အပြင် အိမ်ကကိစ္စတွေအားလုံးကိုပါ စီမံခန့်ခွဲနေရတဲ့ ခင်သဇင်အတွက်တော့ တကယ့်ကိုစိတ်ဖိစီး စရာပါပဲ။

 

အနားမှာကူညီပေးမယ့်သူရှိပေမယ့် ကိစ္စရပ်တိုင်းမှာ သူမမပါရင်မပြီးသလိုဖြစ်နေတာကြောင့် ပင်ပန်းပေမယ့်လည်း လုပ်နေရတာဖြစ်ပါတယ်။

 

 

မိန်းကလေးတစ်ယောက်တည်း ဘဝကိုကိုယ့်ခွန်ကိုယ့်အားနဲ့ရပ်တည်နေရတဲ့အပြင် အိမ်က ကိစ္စတွေကိုပါ အကုန်လိုက်လုပ် နေရတယ်ဆိုတော့ တကယ်မလွယ်တဲ့အခြေအနေတစ်ခုပါ။

 

ဘယ်လိုပဲ အခက်အခဲတွေရှိရှိ ဇင်ကတော့ မရရအောင်ဖြတ်ကျော် သွားမယ့် ထက်မြက်တဲ့ မိန်းကလေးဆိုတာ သူမရဲ့ချစ်ပရိသတ်တွေက သိနေခဲ့ပါတယ်။

 

 

ခက်ခဲတဲ့ခံစားချက်ကိုတော့ ” ပင်ပန်းလိုက်တာကွယ်သေတော့မှာပဲ ကိစ္စတွေအကုန် တစ်ယောက်တည်းမနိုင် စီးပွားလည်းကိုယ်ပဲရှာ အိမ်အရေးလည်းကိုယ်တစ်ယောက်တည်းလုပ် တော်သေးတယ် ဒါတောင်မနွယ်ကူပေးနေလို့ ” ဆိုပြီး သူမရဲ့ Facebook My Day မှာ ရင်ဖွင့်လာခဲ့ပါတယ်။

 

 

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

 

Crd

 

Zawgyi***

 


 


 

 


 


 

 


 

 
