ချစ်စရာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မေမေစမိုင်းလ်ဟာ သမီးလေးတွေ တစ်နေ့တခြားအရွယ်ရောက်လာတာကို ကြည့်ရင်း သူမရဲ့နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိလာခဲ့ ပါတယ်။

 

 

ဒီနေ့မှာလည်း သမီးကြီးနဲ့အတူ ရိုက်ကူးရေးလုပ်ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပြီးနောက် သမီးလေးနဲ့အတူကြုံခဲ့တဲ့ အလွဲလေးကိုပြောပြလာခဲ့ပါတယ်။

 

ဒီမေမေကမွေးတဲ့ ဒီသမီးလေးပေမယ့် ဒီမေမေထက် အရပ်ပိုရှည်နေလို့ နှစ်ယောက်အတူ ဓာတ်ပုံရိုက်တဲ့အချိန်မှာ သမီးလေးနဲ့မေမေ အဆင်ပြေပြေပုံလေးရလာဖို့အတွက် ပေါ်ရှာတစ်ယောက် ခြေထောက်ကားပြီး ပုချင်ယောင်ဆောင်ပေးခဲ့ရပါတယ်။

 

 

ဖေဖေက အရပ်ရှည်တဲ့သူမို့ သမီးနှစ်ယောက်လုံးက ဖေဖေ့ဖက်လိုက်ပြီး ထောင်ထောင်မောင်းမောင်း လေးတွေ ဖြစ်နေကြတာပါ။

 

သမီးလေးနဲ့အတူပျော်ခဲ့ရတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ခုကို ” အမေထက်အရပ်ရှည်တဲ့သမီးနဲ့ ဓါတ်ပုံရိုက်ရတာ သူကပုပေးရတယ် ” ဆိုပြီး မေမေက ဝမ်းသာအားရဝေမျှခဲ့ပါတယ်။

 

 

မေမေ့လို လှပပြီး ဖေဖေ့လို အရည်ချင်းရှိတဲ့ သမီးလေးတွေမို့ မိဘတွေအတွက် ဂုဏ်ယူရတဲ့ သမီးကောင်းလေးတွေဖြစ်လာမှာပါ။

 

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

 

Crd

 

Zawgyi***

 


 

 


 


 

 


 


 

 


 
