မိန်းမလျာဇာတ်ရုပ်နဲ့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ သရုပ်ဆောင်ရဲလေးမဟာ ယခင်ဇာတ်ကားတွေမှာတုန်းက ရိုးရိုးယောကျာ်းလေးပုံစံနဲ့ သရုပ်ဆောင်ဖူးခဲ့ပေမယ့် ခပ်ကြမ်းကြမ်း လူဆိုးပုံစံကိုတော့ ပရိသတ်တွေတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

 

ဒီတစ်ခေါက်မှာတော့ ရဲလေးမကို လုံးဝပုံစံပြောင်းပေးလိုက်တဲ့ ဓာတ်ဆရာကြောင့် ခပ်ကြမ်းကြမ်းလူမိုက်တစ်ယောက် အသွင်အပြင်ပေါ်သွားခဲ့ပါတယ်။

 

 

အနုပညာရှင်တိုင်းဟာ ဆေးစက်ကျရာအရုပ်ထင်ရသူတွေမို့ ဒီလိုဇာတ်ရုပ်ဟာလည်း ရဲလေးမနဲ့ လိုက်ဖက်လွန်းနေပါတယ်။

 

Black & White ကာလာနဲ့ ရိုက်ကူးထားတဲ့ ဒီပုံရိပ်တွေမှာ ရဲလေးမရဲ့ မူရင်းပုံစံနဲ့ ပရိသတ်တွေသဘော ကျခဲ့တဲ့ မိန်းမလျာလေးပုံစံ လုံးဝပျောက်သွားပြီး တကယ့်ကို လူမိုက်တစ်ယောက်အသွင်ထွက်လာခဲ့တာပါ။

 

 

ဒီလိုပုံတွေတင်ပြီးနောက်မှာတော့ ခင်မင်ရသူတွေနဲ့ ပရိသတ်တွေက လည်း တအံ့တသြဖြစ်ခဲ့ပြီး အားလုံးကလည်း အရမ်းမိုက်တဲ့ ပုံတွေကို သဘောကျနေခဲ့ပါတယ်။

 

အနုပညာသက်တမ်းလည်း ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် အခုလိုပုံစံကတော့ ပရိသတ်တွေ ပထမဆုံးမြင်ဖူးတဲ့ပုံပါပဲ။ ရဲ့ စာဖတ်ပရိသတ်ကြီးလည်း ဘယ်လိုမြင်လဲဆိုတာ မှတ်ချက်ရေးပေး ခဲ့ပါဦးနော်။

 

ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်ပေးလိုက်ပါတယ်……

 

Crd

 

Zawgyi***

 


 


 

 


 


 

 

 


 


 
