ပရိသတ်ကြီးရေ.. သဲလို့အားလုံးက ချစ်စနိုးခေါ်ကြပြီး ခင်လှိုင်ရဲ့မျိုးဆက်သစ်သမီးချောလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကို ပရိသတ်တွေ တွေ့မြင်ကြမှာပါနော်..။

 

 

သဇင်ထူးမြင့်ကတော့ ပြီးခဲ့တဲ့ညက နာမည်ကျော်ဇာတ်မင်းသားကြီးတွေဖြစ်ကြတဲ့ ဟန်ဇာမိုးဝင်း တင်မောင်ဆန်းမင်းဝင်း တို့နဲ့အတူ မာလာမြိုင်မိုးရာသီသဘင်ပွဲတော်ပိတ်ပွဲကြီးမှာ အငြိမ့်မင်းသမီးအဖြစ် ပါဝင်ကပြဖျော်ဖြေခဲ့ပါတယ်နော်..။

 

 

“တကယ့်ကိုမှ အမှတ်တရ ဖြစ်ရတဲ့ညလေးပါ…

 

တစ်ခါမှ မြန်မာအက မသင်ခဲ့ဖူးပေမယ့် အကိုအမတွေကို

 

ချစ်တဲ့စိတ်သက်သက်နဲ့ကို ဝင်ကဖြစ်ခဲ့တာပါ….

 

သဲတို့ ‘ဆိုးပေ’ ပြီးတည်းကပေါင်းတဲ့

 

 

gpလေးက အရမ်းချစ်ဖို့ကောင်းတယ်အသက်ရွယ်တွေမတူပဲ မိသားစုလို အမြဲသွားအတူ လာအတူ စားအတူဖြစ်နေကြတာ အားလုံးလည်း သတိထားမိကြမှာပါ…

 

ခုလို ပွဲကြီးမှာသဲကို ပါဝင်ကပြဖို့ ဖိတ်ကြားတဲ့တွက် ကျေးဇူးတင်ပါတယ်…နောက်ဆို ဒီထပ်ပိုကောင်းအောင်ကြိုးစားပါ့မယ်….

 

သင်ထားတဲ့ အပုဒ်အပြင် ရုတ်တရက်ကြီးတွေ အသစ်တွေကခိုင်းပြီးဆေးထိုးကြတဲ့ အကိုနှစ်ယောက်ကိုလည်း သမီးဘက်ကပြန်ဆေးထိုးဖို့ ပြင်ထားပါပြီနော်..” ဆိုပြီးတော့ အမှတ်တရလေးတွေကို သဲက ဝေမျှပြောပြထားတာပါ..။

 

 

ချစ်စရာကောင်းလွန်းတဲ့ သဲလေးရဲ့အကလေးတွေကို မြင်တွေ့ရလို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြသလို ချီးကျူးစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။

 

မြန်မာအကလေးတွေနဲ့ အမှတ်တရလေးတွေကို ပြောပြရင်း အတိုင်းမသ်ဂုဏ်ယူနေတဲ့ အချစ်တော်သဲလေး သဇင်ထူးမြင့်ရဲ့ ပုံရိပ်လေးတွေကို အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

 

Crd

 

Zawgyi***

 

ပရိသတ္ႀကီးေရ.. သဲလို႔အားလုံးက ခ်စ္စႏိုးေခၚၾကၿပီး ခင္လႈိင္ရဲ႕မ်ိဳးဆက္သစ္သမီးေခ်ာေလးျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ အႏုပညာအလုပ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ေဆာင္ေနတာကို ပရိသတ္ေတြ ေတြ႕ျမင္ၾကမွာပါေနာ္..။

 

 

သဇင္ထူးျမင့္ကေတာ့ ၿပီးခဲ့တဲ့ညက နာမည္ေက်ာ္ဇာတ္မင္းသားႀကီးေတြျဖစ္ၾကတဲ့ ဟန္ဇာမိုးဝင္း တင္ေမာင္ဆန္းမင္းဝင္း တို႔နဲ႔အတူ မာလာၿမိဳင္မိုးရာသီသဘင္ပြဲေတာ္ပိတ္ပြဲႀကီးမွာ အၿငိမ့္မင္းသမီးအျဖစ္ ပါဝင္ကျပေဖ်ာ္ေျဖခဲ့ပါတယ္ေနာ္..။

 

 

“တကယ့္ကိုမွ အမွတ္တရ ျဖစ္ရတဲ့ညေလးပါ…

 

တစ္ခါမွ ျမန္မာအက မသင္ခဲ့ဖူးေပမယ့္ အကိုအမေတြကို

 

ခ်စ္တဲ့စိတ္သက္သက္နဲ႔ကို ဝင္ကျဖစ္ခဲ့တာပါ….

 

သဲတို႔ ‘ဆိုးေပ’ ၿပီးတည္းကေပါင္းတဲ့

 

 

gpေလးက အရမ္းခ်စ္ဖို႔ေကာင္းတယ္အသက္႐ြယ္ေတြမတူပဲ မိသားစုလို အၿမဲသြားအတူ လာအတူ စားအတူျဖစ္ေနၾကတာ အားလုံးလည္း သတိထားမိၾကမွာပါ…

 

ခုလို ပြဲႀကီးမွာသဲကို ပါဝင္ကျပဖို႔ ဖိတ္ၾကားတဲ့တြက္ ေက်းဇူးတင္ပါတယ္…ေနာက္ဆို ဒီထပ္ပိုေကာင္းေအာင္ႀကိဳးစားပါ့မယ္….

 

သင္ထားတဲ့ အပုဒ္အျပင္ ႐ုတ္တရက္ႀကီးေတြ အသစ္ေတြကခိုင္းၿပီးေဆးထိုးၾကတဲ့ အကိုႏွစ္ေယာက္ကိုလည္း သမီးဘက္ကျပန္ေဆးထိုးဖို႔ ျပင္ထားပါၿပီေနာ္..” ဆိုၿပီးေတာ့ အမွတ္တရေလးေတြကို သဲက ေဝမွ်ေျပာျပထားတာပါ..။

 

 

ခ်စ္စရာေကာင္းလြန္းတဲ့ သဲေလးရဲ႕အကေလးေတြကို ျမင္ေတြ႕ရလို႔ ပရိသတ္ေတြကလည္း သေဘာက်အခ်စ္ပိုေနၾကသလို ခ်ီးက်ဴးစကားေလးေတြလည္း ေျပာထားၾကပါတယ္ေနာ္..။

 

ျမန္မာအကေလးေတြနဲ႔ အမွတ္တရေလးေတြကို ေျပာျပရင္း အတိုင္းမသ္ဂုဏ္ယူေနတဲ့ အခ်စ္ေတာ္သဲေလး သဇင္ထူးျမင့္ရဲ႕ ပုံရိပ္ေလးေတြကို အားလုံးအတြက္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။