ပရိသတ်ကြီးရေ ဖွေးစိန်လို့ ချစ်စနိုးခေါ်ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အပြင် သဘာဝကျလွန်းတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း ထိုက်တန်စွာရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

 

လတ်တလောမှာတော့ ပရိသတ်တွေကို ဖွေးစိန်က 2020 Asia Model Awards ဆုကို ရရှိခဲ့တဲ့ သတင်းကောင်းလေးကို ပြောပြလာခဲ့ပါတယ် ။

 

 

Thank You untact 2020 Asia Model Awards in Seoul ! Thank You For choosing me ! ကိုဗစ်ကာလ ဖြစ်လို့ Seoul ကို မသွားရတော့ဘဲ Asia Special Award ဆုကတော့ Korea ကလှမ်းပို့လိုက်လို့ ဖွေးလက်ထဲရောက်နေပါပြီရှင့် ဆိုတဲ့စာသားလေးနဲ့အတူ

 

ဒီဆုလေးကို ရရှိခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြောင်း ဖွေးစိန်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ပရိသတ်တွေကို အသိပေးလာခဲ့တာပါ ။

 

နောက်နေ့မှ ကျေးဇူးတင်စကားကို စာရှည်ရှည်ရေးပြီး အမှတ်တရပုံရိုက်ပြီးတင်တော့မယ်လို့လည်းရေးသားထားပါသေးတယ် ။

 

 

ဖွေးစိန်လေးက သူမကို ဒီ Career တလျှောက်လုံးချစ်ပေး အားပေးခဲ့ကြတဲ့ ဆရာ၊ မိဘ၊ ဖွေးကို ချစ်ပေးသူ Darlings ၊ Oopsies တစ်ဦးတယောက်ချင်းစီ တိုင်း အတွက် ယူတဲ့ ဆုလေးဖြစ်ပါတယ်လို့ ပရိသတ်တွေကို ချစ်စဖွယ်စကားလေးဆိုခဲ့ပါသေးတယ် ။

 

ဒါ့အပြင် သူမဒီဆုလေးကို ရတဲ့အတွက် သူမကိုချစ်တဲ့ ပရိသတ်တွေအားလုံး ဂုဏ်ယူနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

 

 

ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…..

 

Crd

 

Zawgyi***

 


 


 

 


 


 


 

 


 


 

 
