ယေန႔ အခ်ိန္ ထိ ဟာသ အႏုပညာေလာက မွာ နာမည္ေက်ာ္ေနၿပီး ေအာင္ျမင္ေနစဲျဖစ္တဲ့ ဟာသ သ႐ုပ္ေဆာင္ ဦးေဗလုဝကို ပရိတ္သတ္ႀကီးတို႔ ႀကိဳက္ႏွစ္ၾကမွာပါပဲေနာ္.။ ပရိတ္သတ္ေတြကို ဟာသ ပ်က္လုံးေတြနဲ႔ အၿငိမ့္သဘင္မွာ ဖမ္းစားထားနိုင္သလို၊ အႏုပညာေလာကရဲ့ ဟသ သ႐ုပ္ေဆာင္မွာလည္း ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္သူျဖစ္ပါတယ္။ အသက္အရြယ္ပိုင္းအရ ႀကီးျမင့္လာေသာ္လည္း ယေန႔အခ်ိန္ထိ သူတတ္ေျမာက္ထားတဲ့ အႏုပညာနဲ႔ ပရိတ္သတ္ႀကီးကို ေပ်ာ္ရႊင္ေစသူျဖစ္ပါတယ္။ ဦးေဗလုဝဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၁ ရက္ေန႔က ဦးေႏွာက္ ေသြးခဲၿပီး ပင္လုံေဆး႐ုံမွာ ေဆး႐ုံတက္ ကုသေနရတယ္လို႔ သတင္းရရွိပါတယ္။

အတိတ္ေမ့ေရာဂါျဖစ္ေနတယ္လို႔ သိရပါတယ္။ ဦးေဗလုဝရဲ့ က်န္းမာေရး အေျခအေနကို ေတာ့ သူ႔ရဲ့ ဇနီး ျဖစ္တဲ့ ေဒၚစုစုခိုင္က ယခုလို ေျဖၾကားခဲ့ပါတယ္။ ဦးေႏွာက္ေသြးေၾကာပိတ္ ေရာဂါ ခံစားေနရတဲ့ သူ႔ရဲ့ ခင္ပြန္းဟာ စကားေျပာတဲ့ ေသြးေၾကာေတြ ပိတ္သြားတာလို႔ ဆိုပါတယ္။ ဦးေႏွာက္ဟာ ေမ့သြားမွာ စိုးတဲ့အတြက္ အခုလို ထိုင္ခိုင္းလိုက္၊ စကားေျပာေပးလိုက္ လုပ္ေနရတယ္လို႔ ဆိုပါတယ္။

သူ႔ဘာသူ မ်က္ႏွာသစ္နိုင္၊ လမ္းေလ်ာက္နိုင္ၿပီး၊ သူျဖစ္ေနတာကိုေတာ့ သူမသိဘူးလို႔ဆိုပါတယ္။ ပရိတ္သတ္ႀကီးကို အျမဲတမ္းေပ်ာ္ရႊင္ေစခဲ့တဲ့ ဦးေဗလုဝ အျမန္က်န္းမာပါေစလို႔ ဆုေတာင္းရင္း သူ႔ရဲ့ ဇနီး ေဒၚစုစုခိုင္ရဲ့ အင္တာဗ်ဴးေလးကို ၾကည့္ရႈေပးၾကပါဦးေနာ္……….။

Writer- ME(Shwe Yaung Lan)
Video Source : Myanmar Celebrity

Unicode

ယနေ့ အချိန် ထိ ဟာသ အနုပညာလောက မှာ နာမည်ကျော်နေပြီး အောင်မြင်နေစဲဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဦးဗေလုဝကို ပရိတ်သတ်ကြီးတို့ ကြိုက်နှစ်ကြမှာပါပဲနော်.။ ပရိတ်သတ်တွေကို ဟာသ ပျက်လုံးတွေနဲ့ အငြိမ့်သဘင်မှာ ဖမ်းစားထားနိုင်သလို၊ အနုပညာလောကရဲ့ ဟသ သရုပ်ဆောင်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ အသက်အရွယ်ပိုင်းအရ ကြီးမြင့်လာသော်လည်း ယနေ့အချိန်ထိ သူတတ်မြောက်ထားတဲ့ အနုပညာနဲ့ ပရိတ်သတ်ကြီးကို ပျော်ရွှင်စေသူဖြစ်ပါတယ်။ ဦးဗေလုဝဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ဦးနှောက် သွေးခဲပြီး ပင်လုံဆေးရုံမှာ ဆေးရုံတက် ကုသနေရတယ်လို့ သတင်းရရှိပါတယ်။

အတိတ်မေ့ရောဂါဖြစ်နေတယ်လို့ သိရပါတယ်။ ဦးဗေလုဝရဲ့ ကျန်းမာရေး အခြေအနေကို တော့ သူ့ရဲ့ ဇနီး ဖြစ်တဲ့ ဒေါ်စုစုခိုင်က ယခုလို ဖြေကြားခဲ့ပါတယ်။ ဦးနှောက်သွေးကြောပိတ် ရောဂါ ခံစားနေရတဲ့ သူ့ရဲ့ ခင်ပွန်းဟာ စကားပြောတဲ့ သွေးကြောတွေ ပိတ်သွားတာလို့ ဆိုပါတယ်။ ဦးနှောက်ဟာ မေ့သွားမှာ စိုးတဲ့အတွက် အခုလို ထိုင်ခိုင်းလိုက်၊ စကားပြောပေးလိုက် လုပ်နေရတယ်လို့ ဆိုပါတယ်။

သူ့ဘာသူ မျက်နှာသစ်နိုင်၊ လမ်းလျောက်နိုင်ပြီး၊ သူဖြစ်နေတာကိုတော့ သူမသိဘူးလို့ဆိုပါတယ်။ ပရိတ်သတ်ကြီးကို အမြဲတမ်းပျော်ရွှင်စေခဲ့တဲ့ ဦးဗေလုဝ အမြန်ကျန်းမာပါစေလို့ ဆုတောင်းရင်း သူ့ရဲ့ ဇနီး ဒေါ်စုစုခိုင်ရဲ့ အင်တာဗျူးလေးကို ကြည့်ရှုပေးကြပါဦးနော်……….။

Writer- ME(Shwe Yaung Lan)
Video Source : Myanmar Celebrity