ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဖြူဖွေး‌ဝင်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားတဲ့ ချစ်စရာတိုင်းရင်းသူလေး မြတ်ရတနာကျော်ကတော့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။

 

 

သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ပေမယ့် ပရိသတ်တွေကတော့ သူမကိုအခိုင်အမာ အားပေးချစ်ခင်ခဲ့ကြတာပါ။

 

မြတ်ရတနာကျော်က အပြစ်ကင်းတဲ့အလှစစ်တွေကို ပိုင်ဆိုင်ထားပြီး ကလေးအမေဖြစ်သွားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။

 

မြတ်ရတနာကျော်က အဆိုတော်အာဘွိုင်းနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သားလှလို့ဆိုရမယ့် မြတ်ရတနာကျော်က အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ပိုလှလို့လာတာပဲ ဖြစ်ပါတယ်။

 

 

ဒါ့ပြင် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာသမီးလေးရဲ့ ပုံလေးတွေကိုပါအမြဲဖော်ပြပေးလေ့ရှိသူလေးလည်းဖြစ်ပါတယ်။

 

အခုမှာတော့ သူမအရမ်းချစ်တဲ့ အိုင်ဒေါ ရွှေကစ်လေးစီကနေ တန်ဖိုးကြီးရတနာလေး လက်ဆောင်ရလို့ အတိုင်းမသိပျော်ရွှင်နေကြောင်း ဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

 

 

မြတ်ရနာကျော်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိရုံသာမကဘဲ အနုပညာအချင်းချင်းရဲ့ ချစ်ခင်မှုကိုပါ ရရှိထားသူလေးပါ ။

 

ပရိသတ်ကြီးအတွက် ရွှေကစ်လေးရဲ့လက်ဆောင်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ် ။ ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

 

Crd

 

Zawgyi***

 


 


 

 


 


 

 


 


 


 

 
