အလှမယ်တစ်ဦးဖြစ်သလို မော်ဒယ်လ်၊သရုပ်ဆောင်ဆောင်အဖြစ်လည်း လုပ်ကိုင်နေတဲ့ မင်းသမီးချောလေး မေမြတ်နိုးကတော့ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား ဖြစ်ပါတယ် ။

 

 

ညိုချောလေးဖြစ်တဲ့ မေမြတ်နိုးက စိုပြေလှပတဲ့အသားအရေနဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းအလှကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။

 

ဒါ့အပြင် မေမြတ်နိုးက ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကတွေအစ နိုင်ငံတကာအလှမယ်စံနှုန်းနဲ့ ကိုက်ညီနေတာ ဖြစ်ပါတယ် ။

 

 

လက်ရှိမှာတော့ မေမြတ်နိုးက ကိုရီးယားနိုင်ငံမှာရှိတဲ့ အေဂျင်စီတစ်ခုနဲ့လက်တွဲပြီး မော်ဒယ်လ်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

 

နာမည်ကြီးကိုရီးယားမင်းသားနဲ့ပါ ကြော်ငြာတစ်ခု တွဲရိုက်ခဲ့ရပြီဖြစ်တဲ့ မေမြတ်နိုးကတော့ အရမ်းကိုအောင်မြင်နေတာလည်း ဖြစ်ပါတယ် ။

 

အခုတော့ မေမြတ်နိုးက သူမနဲ့အတူအလုပ်တွဲလုပ်နေတဲ့ သူငယ်ချင်းတွေကို မြန်မာစကားသင်ပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

မေမြတ်နိုးက နိုင်ငံပေါင်းစုံက သူမရဲ့ International Model Friends တွေကို မြန်မာစကားတွေသင်ကြားပေးပြီး ပြောခိုင်းနေတာပဲ ဖြစ်ပါတယ် ။

 

မေမြတ်နိုးသင်ပေးတဲ့အတိုင်း သေသေချာချာကြိုးစားပြီးပြောနေတဲ့ သူငယ်ချင်းတွေရဲ့စကားပြောပုံလေးတွေကတော့ အရမ်းကို ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။

 

 

ကဲ ချစ်ပရိသတ်တွေအတွက် မေမြတ်နိုးနဲ့ နိုင်ငံခြားမော်ဒယ်လ်မလေးတွေရဲ့ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Crd

 

CeleWiki

 

Zawgyi***

 


 

 


 


 


 

 


 


 


 

 


 
