ပရိသတ်ကြီးရေ ဇာတ်မင်းသား စွမ်းဇာနည်ကိုတော့ အထူးအထွေ မိတ်ဆက်ပေး စရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။

 

ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူ စွမ်းဇာနည်ကတော့ ရုပ်ရှင်ဘက်ကိုပါ ကူးပြောင်းပြီး မင်းသားတစ်လက် အဖြစ်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူပါ.။

 

 

သူမတူတဲ့ ကကွက်တွေကို ကတတ်သူ နာမည်ကြီး ဇာတ်မင်းသားတစ်ယောက် အဖြစ်နဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ုပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်လည်း ဖြစ်ပါသေးတယ်.။

 

လတ်တလောမှာ ကျန်းမာရေး အခြေအနေ တစ်ချို့ကြောင့် အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်သေးဘဲ စိတ်ရော ကိုယ်ရောပါ အနားယူနေသူပါ.။

 

 

ခရီးတွေ ထွက်ရင်းနဲ့ စိတ်ကို အပန်းဖြေကာ ကျန်းမာရေးကိုပါ ဂရုစိုက်နေသူ စွမ်းကတော့ မကြာသေးမီကမှ သူ့ရဲ့ နေအိမ်ကို ခရီးကနေ ပြန်ရောက်ခဲ့ပြီး အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ပြင်ဆင်နေပေမယ့်

 

သူ့ရဲ့ တရားဝင် Facebook Account ကို Hack ဖို့ လုပ်တာကြောင့် စိတ်ရှုပ်ရတဲ့အကြောင်းကို “ငါ့အကောင့်ကို လာဟက်နေတာဘယ်သူလဲကွ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာ ခဲ့ပါတယ်.။

 

 

စွမ်းတစ်ယောက်တော့ အနုပညာအလုပ်တွေကို ပြန်လုပ်ကိုင်ဖို့ ပြင်ဆင်ချိန်မှာ အကောင့်ကို လာhack တာတွေကြောင့် စိတ်တိုနေတဲ့ပုံပါပဲနော်.ပရိသတ်ကြီး.။

 

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

 

Crd

 

CeleWiki

 

Zawgyi***

 


 

 


 

သူမတူတဲ့ ကကွက်တွေကို ကတတ်သူ နာမည်ကြီး ဇာတ်မင်းသားတစ်ယောက် အဖြစ်နဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်ုးပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်လည်း ဖြစ်ပါသေးတယ်.။

 

 


 


 


 

 


 

 
