အမေရိ ကန်သမ္မတ ထရန့်သည် အီရန်ရှိဆန္ဒပြသူများအား ထောက်ခံကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက ယူကရိန်းခရီးသည်တင် ဂျက်လေယာဉ်ကို အီရန်အစိုးရက မရည်ရွယ်ဘဲ ပစ်ချခဲ့သည်ဟု ဝန်ခံပြီးနောက် အီရန်အစိုးရကို ပြည်သူများက ဆန္ဒပြလျက် ရှိသည်။ ယင်းသို့ လမ်းပေါ်ထွက်ဆန္ဒပြသူများကို ပစ်မသတ်ရန် အီရန်ခေါင်းဆောင်များကိုသတိပေးပြောကြားခဲ့သည်။

အီ ရန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကိုလည်း ပြီးခဲ့သည့် စနေနေ့တွင် အီရန် က ခေတ္တမှ ဖမ်းဆီးခဲ့ကြောင်း အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာနကပြောကြားခဲ့သည်။ ဗြိတိသျှသံအမတ် ရောဘတ်မက္ကေးကို ဖော်ထုတ်ပြီး မကြာမီတွင်ပြန်လွတ်လာသည်ဟု အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့် အီရန်ဗိုလ်ချုပ် ဆိုလီမန်နီအတွက် လက်စားချေသော တိုက်ခိုက်မှုအဖြစ် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး အပါအဝင် အမေရိကန်သံရုံးလေးခုသည် ပစ်မှတ်ထားခံရသည်ဟုသောကြာနေ့ကပြောကြားခဲ့သည်။

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအပါအဝင် အမေရိကန်သံရုံး လေးခုကို တိုက်ခိုက်ခံရမှုကို အီရန် ဗိုလ်ချုပ်ကြီး ဆိုလီမန်နီက ကြိုးကိုင်ခဲ့ကြောင်း သမ္မတထရန့်က ပြောကြားလိုက်သည်။ အင်တာဗျူးတစ်ခုတွင် သမ္မတ ထရန့်က အီရန်၏ ထိပ်တန်းဗိုလ်ချုပ်ကြီးအပေါ် အမေရိကန်၏ တိုက်ခိုက်မှုအကြောင်းနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် သတင်းအချက်အလက်တွေ ပိုမိုထုတ်ပေးရန် ဖိအားပေးတောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောလိုက်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း အမေရိကန်သံရုံးများ တိုက်ခိုက်ခံရမှု တရားခံကို အတိအကျ သက်သေမပြနိုင်ပေမယ့်လည်း နောက်ကွယ်မှာ အီရန် ရှိနေနိုင်တယ်ဟု ပြောကြားသွားသည်။

Credit – Blacker