ထား ၀ယ်​ပြည်​သူ့​ဆေးရုံကြ်ီးမှာ.. ဒီလို သူနာပြုမျိုးရှိတာ အင်​မတန်​၀မ်းနည်းစရာ​ကောင်းပါတယ်​။ အမျိုးသမီး ဖျားနာကုသ​ဆောင်​ရဲ့ အထက်​တန်းသူနာပြု ​ဒေါ်— ​(အခုဓာတ်​ပုံထဲက ပါတဲ့ဆရာမ) ကို.. ထားဝယ်​​​ဆေးရုံလို အစစရာရာပြည့်​စုံပြီး ၀န်​​ဆောင်​မှုကောင်းပြီး ပြည်​သူ​တွေအတွက်​ အားထားရတဲ့​ဆေးရုံမှာ အထက်​တန်းသူနာပြုအဖြစ်​ရှိ​နေ​စေခြင်းက.. ထားဝယ်​​ဆေးရုံကြီးကို အင်​မတန်​အကျည်းတန်​​စေခဲ့တယ်​။ သူနာပြုတစ်​​ယောက်​ဖြစ်​​နေပြီး..ငါး​ရောင်းသလိုပုံစံမျိုးနဲ့ လူသံမထွက်​ဘဲဆက်​ဆံ​နေတာ​တွေကို.. ကြုံဖူးတဲ့သူ​တွေလဲသိကြမယ်​ထင်​ပါတယ်​။

သူ နာပြု တစ်​​ယောက်လုပ်​နေပြီး လူနာ​တွေအ​ပေါ် အညှာအတာမရှိဘဲ ရက်​ရက်​စက်​စက်​​ပြောပြီး ကြမ်းတမ်းစွာကိုင်​တွယ်​တာ​တွေ (ကိုယ်​မြင်​ခဲ့တာက​တော့…အ​ရေး​ပေါ်ခန်းထဲက စကား​တောင်​မ​ပြောနိုင်​တဲ့လူနာကို လူစိတ်​မရှိဘဲ​အော်​​ငေါက်​ပြီး အပ်​​တွေကိုမတရားဆွဲဖြုတ်​ပစ်​တာ​တွေ.. လူနာ​စောင့်​​တွေကို လူလိုမရှင်းပြဘဲ ငါးစိမ်းတန်းထဲကငါးသည်​မလို ​အော်​ဟစ်​ခဲ့တာ​တွေ… တခြားကိစ္စ​တွေလဲအများကြီးပါပဲ.) တာဝန်​ကျဆရာဝန်​ ဆရာဝန်​မ​တွေထက်​ သူကပိုပြီးပါဝါမြင့်​​နေသလိုပဲ…။

သူနာပြုတစ်​​ယောက်​ရဲ့ အင်္ဂါရပ်​နဲ့မညီညွတ်​တဲ့ သူ့လိုလူမျိုးလက်​ထဲကို ​ရောက်​တဲ့လူနာ​တော့ ​သေပြီသာမှတ်​ပဲ။ တစ်​စက်​က​လေးမှလူစိတ်​မရှိတာကို… ကိုယ်​တိုင်​မြင်​​တွေ့ခဲ့ရလို့ ဒီပို့စ်လေးကိုတင်​ဖြစ်​တာပါ။ ​ဆေးရုံ​တော်​​တော်​များများကို ​ရောက်​ခဲ့ဖူး​ပါတယ်​။ သူနာပြုတွေရဲ့ တာဝန်​နဲ့ဝတ္တရားကိုလဲ သိတယ်​။ သူတို့ရဲ့လုပ်​​ဆောင်​ချက်​​တွေကိုလဲ သ​ဘော​ပေါက်​တယ်​။

တချို့လူနာ​တွေ လူနာရှင်​​တွေ အလိုက်​မသိတာ​ကြောင့်​ သူတို့မှာ စိတ်​ညစ်​စိတ်​ရှုပ်​ပြီး တာဝန်​အရ​အော်​ရ​ငေါက်​ရတာ​တွေရှိတယ်​ဆိုတာလဲ နားလည်​ပါတယ်​။ အခုဟာက လွန်​လွန်းတယ်​…။ အထက်​တန်းသူနာပြုဆိုတဲ့ ဂုဏ်​ပုဒ်​နဲ့မှမညီ…​ဈေးထဲက ငါးစ်​မ်းသည်​လိုဖြစ်​​နေပြီ..။ ကိုယ့်​ကိုအားကိုးပြီးလာတဲ့လူနာက မသိလို့ နားမလည်​လို့ တစ်​ခုခု​ပြောတယ်​ဆိုရင်​ပဲ..လူလိုသူလိုမရှင်းပြပါဘဲ ..​ သူ့မျက်​နှာမြင်​ သူ့အသံကြားတာနဲ့ ချက်​ချင်း​သေနိုင်​​လောက်​တယ်​။ အဲ့လိုဆရာမမျိုး​တွေရှိ​နေသမျှ…​ဆေးရုံက အနည်းနဲ့အများနာမည်​ပျက်​​နေဦးမှာပဲ…

Kaung Myat Htut