ပ ရိသတ်ကြီးရေ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ နေမျိုးအောင်ရဲ့ သားကြီးဖြစ်တဲ့ သရုပ်ဆောင် မင်းထိုက်ကို ပရိသတ်တွေအားလုံးသိပြီး ဖြစ်မှာပါနော် ။ Star Award ပွဲကြီး မှာ Star Fairy အဖြစ်ပါဝင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ် ။

မင်းထိုက်ကတော့ ဆက်စီမော်ဒယ်လ်မလေး ဖူးပွင့်ခိုင်ရဲ့ချစ်သူဖြစ်ပြီး မကြာသေးမီကမှ ချစ်သူချင်း ရန်ဖြစ်စကားများကြရာကနေ အကြောင်းရာတစ်ခုကြောင့် ပရိသတ်တွေကြားထဲ ဟိုးလေတကျော်ကျော်ဖြစ်ခဲ့ရပါတယ် ။

တစ်ယောက် နဲ့ တစ်ယောက် လူမှုကွန်ရက်စာမျက်နှာမှာ အပြန်အလှန် သူနိုင်ကိုယ်နိုင်ရေးသာရာကနေ ပရိသတ်တွေပါ ပါဝင်လာပြီး လူသိရှင်ကြား အကျယ် အကျယ်တွေ ဖြစ်ခဲ့ကြပါတယ် ။

မော်ဒယ်လ် ဖူးပွင့်ခိုင်ကတော့ မင်းထိုက်ရဲ့ အကြောင်းတွေကို တစ်ခုမကျန် မခြွင်းမချန် ရေးသားထားပြီး သူမဘက်က မှန်ကန်ကြောင်း ပရိသတ်တွေကို Screenshot တွေနဲ့တကွ သက်သေပြခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာတော့ မင်းထိုက်ရဲ့မိခင်ဖြစ်သူ နေမျိုးအောင်ရဲ့ ဇနီးက ” တင်ထားတာတွေဖျက်ရင်ဖျက် မဖျက်ရင် အမွေပြတ်စွန့်လွှတ်မယ် ” လို့ မင်းထိုက်ကို Tag တွဲပြီး လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တာဖြစ်ပါတယ် ။

မင်းထိုက်ကတော့ ” အသိုင်းဝိုငိးနဲ့ပတ်ဝင်းကျင်ရဲ့ပြောဆိုမူတွေကြောင့် အခုကစပီးဘာတစ်ခုမှထပ်မတင်တော့ပါအရှက်နဲ့သိက္ခာ နဲ့နေနေတဲ့သူဖြစ်တဲ့အတွက်ဒေါသကိုရှေ့တန်းမတင်တော့ဘူးေ ပျာ်ရွှင်ပါစေ နော်. ” ဆိုပြီး ပြန်လည် ရေးသားခဲ့ပါတယ် ။ မင်းထိုက် မိခင်ဖြစ်သူရဲ့ပို့စ်အောက်မှာလည်းစိတ်လျှော့ဖို့အတွက် ဝိုင်းဝန်းမှတ်ချက်ပေးထားကြတာလည်းတွေ့ရပါတယ် ။