





Unicode

မြန် မာအိုင်ဒေါ Top 5 စောခရစ်မူးလာကတော့ semi final အဆင့်ကနေ ကံမကောင်းစွာပဲ နုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပရိသတ်တွေရဲ့ ချစ်ခြင်း အားပေးခြင်းတွေကို အများအပြား ရရှိ နေသူ တစ်ယောက် ဖြစ်နေပါပြီ။

တလော ကလည်း သူ့ဇာတိမြေ ပုသိမ်မြို့ ဆရာကန်တော့ပွဲမှာ မူးလာ တစ်ယောက် သွားရောက် ဖျော်ဖြေ ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် မူးလာကို ချစ်တဲ့ ပရိသတ်များ စုပီး present အကြီးကြီး တခု ဝယ်ပေးဖို့ စီစဉ် နေတယ် လို့ သိရပါတယ်။

မနေ့ကလည်း မန္တလေးက ရှိုးပွဲ တခုမှာ မူးလာ သွားရောက် ဖျော်ဖြေ ခဲ့ရပါသေးတယ်

မူးလာကတော့ ပွဲတွေ မရပ်မနား ဆက်တိုက် ဆိုနေရပြီး top finalists 3ယောက် ထက် ပိုမို အောင်မြင်နေတယ် လို့ ကောက်ချက် ချရမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော မူးလာကို ချစ်ရဲ့လား????