အရင်​လို….

ကျွန်​မ မပြုံးချင်​​တော့တာအ​တော်​ကြာခဲ့ပြီ။

ဒါ​ပေမယ်​့

အချိန်​တိုင်​းတက်​ကြွမူနဲ့​ပျော်​ရွှင်​​နေခဲ့တယ်​။

ကျွန်​မ ရင်​နဲ့မဆန်​့တဲ့ဒါဏ်​ရာဒါဏ်​ချက်​​တွေ​ကြောင်​့ မျက်​ဝန်​းမှာနာကျင်​​ကြေကွဲမူ​တွေ ထင်​ဟပ်​​နေခဲ့တာအ​တော်​ကြာခဲ့ပြီ။

ဒါ​ပေမယ်​့

တည်​ငြိမ်​မူနဲ့အိ​န္နြေမပျက်​​နေတတ်​ခဲ့ပြီ။

ကျွန်​မ ချိိုးနှိမ်​တိုက်​ခိုက်​မူ​တွေ​ကြောင်​့ ရင်ထဲမှာဘဝနဲ့မမျှတဲ့ စိတ်​ထိခိုက်​ဝမ်​းနည်​းမူ​တွေနဲ့ ပြည်​့နှက်​​နေခဲ့တာအ​တော်​ကြာခဲ့ပြီ။

ဒါ​ပေမယ်​့

အရာရာကို ပြတ်​ပြတ်​သားသားရင်​ဆိုင်​​ဖြေရှင်​းလို့ အပြုံးမပျက်​​နေတတ်​ခဲ့ပြီ။

ကျွန်​မ အရင်​ကလို​ပေါက်​ကွဲလွယ်​တဲ့ ခပ်​ညံ့ညံမိန်​းမတစ်​​ယောက်​မဟုတ်​​တော့ဘူး။

အရင်​ကလိုခံစားလွယ်​တဲ့ ခပ်​နုံနုံမိန်​းမတစ်​​ယောက်​မဟုတ်​​တော့ဘူး။

အရင်​ကလိုထက်​ကနဲရှိမျက်​ရည်​လွယ်​တဲ့ ပျော့ညံ့ညံ့မိန်​းမတစ်​​ယောက်​မဟုတ်​​တော့ဘူး။

အခုဆို…

အရွယ်​နဲ့မလိုက်​​အောင်​ရင်​့ကျက်​တည်​ငြိမ်​လို့

အချိန်​တိုင်​းတက်​တက်​ကြွကြွနဲ့

ပျော်​ရွှင်​​နေတတ်​ခဲ့ပြီ။

Nan Khin May Win