မကြာသေး ခင်က ပရိသတ်အချစ်တော် တစ်ဦးဖြစ်တဲ့ အကယ်ဒမီများဆုရှင် သရုပ်ဆောင် မေသန်းနုတစ်ယောက်ကတော့ ငွေကြေးလိမ်လည်မှုဖြင့် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရတာကြောင့် ပရိသတ်တွေအနေနဲ့လည်း စိတ်မကောင်းဖြစ်နေကြတာကို
တွေ့ရပါတယ်။

အခုနောက်ထပ်လည်း ဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်အေးအေးခိုင် ကိုဖြင့် ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ တရားလို ဦးဇော်မင်းက စမ်းချောင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သူမဟာဆိုရင် မြန်မာပရိသတ်တွေကို ဆွဲဆောင်ဖျော်ဖြေနိုင်တဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သလို တက္ကသိုလ်ဇာတ်ကားတွေမှာလည်း အမြဲတမ်းနီးပါး မင်းသမီးရဲ့ သူငယ်ချင်းလုပ်သူအဖြစ်လည်း မြင်တွေ့ခဲ့ကြဖူးမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ တရားသူကြီးဖြစ်သူက ရှောင်တခင်ခွင့်တင်ထားတာကြောင့် စစ်ဆေးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

Writer – SMT( Shwe Yaung Lan)