နာ မည်ကြီးဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ “မြမြ” ရုပ်ရှင်ဟာ မကြာခင်မှာ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်…ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ အဆိုပါဇာတ်ကားမှာ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ သင်ဇာဝင့်ကျော်လည်းပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်နေတာပါ….

ဒီအချိန်မှာ ဇာတ်လမ်းထဲမှာပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကွက်တွေကို ကျောက်စိမ်းစက်ရုံက တာဝန်ရှိသူတွေ သွားကြည့်မှာဖြစ်ပြီး စက်ရုံထိခိုက်နစ်နာပါက လိုအပ်သလိုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူဦးဇော်ဇော်အောင်က အင်တာဗျူးတစ်ခုကနေ ပြောဆိုထားပါတယ်..ဒါနဲ့ ပတ်သက်လို့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ဒေါ်စန္ဒာလွင်ကနေ အင်တာဗျူးတစ်ခုကနေ ပြန်လည်ပြောဆိုလာခဲ့ပါတယ်…
ဒါကတော့ မြမြဇာတ်ကားဟာ စက်ရုံရဲ့ နာမည်တို့ နစ်နာမှုတွေ မပါရှိဘဲ စက်ရုံအပေါ်ထိခိုက်နစ်နာမှု မရှိဘူးဆိုရင် သူပြောထားခဲ့တဲ့ စကားတွေအတွက် တာဝန်ယူသင့်တယ် လို့ဆိုလာခဲ့တာပါ….

ဒါ့အပြင် မြမြဇာတ်ကားဟာ အနုပညာမဟုတ်ဘူးလို့ ဝေဖန်ခဲ့တဲ့အပေါ်မှာလည်း ဇာတ်လမ်းကို ဆင်ဆာတင်ပြီးမှ ပြန်ကျလာမှ သရုပ်ဆောင်တွေအရမ်းကြိုးစားပြီး ရိုက်ရကြောင်း..ရိုက်ပြီးတဲ့အချိန်မှာလည်း ဆင်ဆာတွေတင်ရ ရုံတင်ဖို့ လုပ်ရတာတွေရှိကြောင်း..ဒါတွေဟာ အနုပညာမဟုတ်ဘူးလို့ ဘယ်လိုပြောရမှာလဲ ဆိုပြီး ဒေါ်စန္ဒာလွင်က ဆက်လက်တုန့်ပြန်ပြောဆိုခဲ့တာပါ….

မြမြဇာတ်ကားဟာ ခုလို ရုံတင်ကာနီးအချိန်မှာ စက်ရုံတာဝန်ရှိသူနဲ့ ရုပ်ရှင်ဘက်က တာဝန်ရှိသူတို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်… ဒါကြောင့် ပရိသတ်တွေရဲ့ ရုပ်ရှင်အပေါ် စိတ်ဝင်စားမှုကလည်း ပိုမိုမြင့်တက်လာတာတွေ့ရပါတယ်..အပြန်အလှန်ပြောဆိုထားတဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်မျှဝေလိုက်ရပါတယ်..

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Cele Gabar