ပ ရိသတ်ကြီးရေ Myanmar Idol Season-4 ပြိုင်ပွဲကြီးမှာ Idol သက်တမ်းတစ်လျှောက်ပထမဆုံး မိန်းကလေး Winner အဖြစ် ဆုရရှိခဲ့တဲ့ အက်စတာကတော့ အခုဆိုရင် သူမရဲ့ အမာခံပရိသတ်တွေရဲ့ ဝန်းရံမှုနဲ့အတူ အနုပညာလမ်းကြောင်းပေါ် ဆက်လက်ချီတက်နေပြီဖြစ်ပါတယ် ။ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတော့မယ်ဆိုတော့ အက်စတာကို သရုပ်ဆောင်လုပ်ဖို့ ရှိလားလို့ မေးတဲ့အခါမှာတော့ သူမ သရုပ်ဆောင်လုပ်ရင် မင်းသားတွေမူးလဲကုန်လိမ့်မယ်လို့ အက်စတာက ပြန်လည်ဖြေဆိုခဲ့ပါတယ် ။

အက်စတာဟာ ချင်းလူမျိုးအချင်းချင်း ဖေးမမှုနဲ့ ချင်း Idol မှာလည်း Winner ဆုရခဲ့သလို နိုင်ငံခြားခရီးစဉ်တွေကိုလည်း ချင်းလူမျိုးတွေနဲ့အတူ ဘုရားကျောင်း ပရိုဂရမ်တွေနဲ့ သွားရောက်ခွင့်ရခဲ့တဲ့ သူလည်းဖြစ်ပါတယ် ။ သူမရဲ့ အကြောင်းကို မသိဘဲ ဝေဖန်နေကြတဲ့သူတွေကိုလည်း အပြစ်မတင်သလို သူမသာ သူတို့နေရာမှာဆိုလည်း အကြောင်းမသိဘဲ ပြောမိမှာပဲလို့ အက်စတာက စိတ်ရင်းအမှန်လေးနဲ့ပြောပြသွားခဲ့ပါသေးတယ် ။ ဝေဖန်မှုတွေရှိမှလည်း ဘာတွေပြုပြင်ရမလဲ ကိုယ့်မှာဘာလိုအပ်နေလဲဆိုတာ သိခွင့်ရတာဖြစ်လို့ အကောင်းဘက်က တွေးရင် ဒီဝေဖန်မှုတွေက သူမ အောင်မြင်ဖို့လမ်းခင်ပေးနေတာပါလို့လည်း ပြောပြခဲ့ပါသေးတယ် ။

ပြိုင်ပွဲပြီးလို့ အပြင်မှာသီချင်းစဆိုရတဲ့အချိန်မှာလည်း စီနီယာအဆိုတော်တွေနဲ့ဆုံခွင့်ရပြီး နေ့ရက်တိုင်းက သူမအတွက် Surprise ပါပဲတဲ့ ပရိသတ်ကြီးရေ..။ စတိတ်စင်ပေါ်ရောက်သွားရင်တော့ အဆိုတော်တစ်ယောက်ဖြစ်သွားပေမယ့် စင်အောက်ရောက်ရင်တော့ ပရိသတ်တွေသိထားတဲ့ အက်စတာပါပဲလို့လည်း အက်စတာက ပြောပြခဲ့ပါသေးတယ် ။ စိတ်ရင်းကောင်းပြီး ရိုးသားတဲ့ချင်းတိုင်းရင်းသူလေး အက်စတာကို ပရိသတ်ကြီးကလည်း ဆက်လက်အားပေးကြပါဦးနော် ။