ဇန်န ဝါရီ(၁၃) AlinnMyay(အလင်းမြေ)

မိ တ္ထီ လာ မြို့နယ်၊ အုံတုံအုတ်စု၊ အုံတုံကျေးရွာ မှ မညိမ်းညိမ်းဖြိုး အသက်(၂၃) နှစ်သည် ပြင်ဦးလွင်မှာ အလုပ်လုပ်ပြီး (၇.၁၂.၂၀၁၉) ရက်နေ့က ပြင်ဦးလွင်ကနေ မန္တလေးမြို့သို့ အလာ လမ်းတွင် ပျောက်ဆုံးသွားသည်ဟု သိရပါသည်။

ယနေ့ အချိန်အထိ အဆက်အသွယ်မရဖြစ်နေ၍ အဆိုပါ ပျောက်ဆုံးနေသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ကိုလှိုင်မင်းထွန်းမှ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် လူပျောက်အမှတ်စဉ်(၁၁/၂၀၁၉) ဖြင့် တိုင်ကြား အမှုဖွင့်ထားကြောင်း အထောက်အထားများအား AlinnMyay(အလင်းမြေ)မီဒီယာသို့ ပေးပို့ကာ လူမှုကွန်ယက်တွင် တင်ပြကြော်ညာပေးပါရန် အကူအညီတောင်းခံလာခဲ့ပါသည်။

“ကျွန်တော်က မန္တလေးက လျှပ်စစ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တယ် ကျွန်တော့်အမျိုးသမီးက ပြင်ဦးလွင် ထမင်းဆိုင်မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ စကားများတာ ရန်ဖြစ်တာလည်း မရှိပါဘူး။ ကျွန်တော်က မန္တလေးကိုလာခဲ့ဖို့ ခေါ်လို့ ပြင်ဦးလွင်ကနေ မန္တလေးကို သူပြန်လာရာကနေ လမ်းမှာတင်ပျောက်ပြီး ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတာပါ။

အခုဆိုရင် အဆက်အသွယ်လည်းမရ ဘာသတင်းမှလည်းမရတော့ပဲ ပျောက်နေတာ တစ်လကျော်ရှိနေပြီ ကျွန်တော် အရမ်းစိတ်ပူနေလို့ ကူညီနိုင်သလောက် ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ” လို့ ပျောက်ဆုံးနေသူ မညိမ်းညိမ်းဖြိုး ရဲ့ ခင်ပွန်းဖြစ်သူ ကိုလှိုင်မင်းထွန်း မှAlinnMyay(အလင်းမြေ) သို့ ပြောသည်။

ထို့ကြောင့် AlinnMyay(အလင်းမြေ)မီဒီယာ ပရိသတ်ကြီးနဲ့ အတူ အွန်လိုင်းသုံးသူ မိဘပြည်သူများမှ အဆိုပါ ပျောက်ဆုံးနေသူ မညိမ်းညိမ်းဖြိုး အား တွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်သို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာ မှ လေးစားစွာဖြင့် ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။

ဆက်သွယ်ရန် ဖုန်း – ၀၉၉၅၄၅၉၂၄၁၃ ၊ ၀၉၆၆၄၅၄၅၁၁၆ ၊ ၀၉၉၆၉၃၃၅၂၈၉ ၊ ၀၉၉၆၀၀၇၄၆၁၄ သို့ အကြောင်းကြားပေးကြပါရန် နှင့် ယခုကြော်ညာပို့အား မျှဝေပေးကြပါရန် လေးစားစွာဖြင့်….

ပေးပို့ အကူအညီတောင်းခံသူ – ကိုလှိုင်မင်းထွန်း (ပျောက်ဆုံးသူရဲ့ ခင်ပွန်း)

#AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ

ျပင်ဦးလြင္ကေန မန္တလေးမြို့သို့ အလာ လမ်းတြင် ပော်က္ဆုံးသြားတဲ့ အမိုးသမီးအား တြေ့ရွိပါက အေကြာင်းကြားပေးကြပါရန်

ဇန္နဝါရီ(၁၃) AlinnMyay(အလင်ျးေမ)