နိုင် ငံကျော် သရုပ်ဆောင်၊ အဆိုတော်ဖြစ်တဲ့ ထွန်းထွန်က သရုပ်ဆောင်တဲ့နေရာမှာရော သီချင်းဆိုတဲ့နေရာမှာပါ အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။ ထွန်းထွန်က “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထွန်းထွန်းကို ဆယ်စုနှစ်တစ်ခုကျော်တိုင် အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ထွန်းထွန် က အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ် လူပျိုကြီးတစ်ယောက်အနေနဲ့ အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း နေထိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူပျိုကြီး ထွန်းထွန်းရဲ့ အချစ်ရေးကိစ္စကို စိတ်ဝင်တစားရှိကြတာကို တွေ့ရပါတယ်။

ဒီနေ့ မှာတော့ ထွန်းထွန်းက သူ့ရဲ့ အချစ်ရေးရာကိစ္စနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောပြထားပါတယ်။ “ကျွန်တော့်ရဲ့ လူမှုရေးကိစ္စဖြစ်တဲ့ အချစ်ရေး အချစ်ရာများကို ၂၀၂၀ကနေစပြီးပြည်ဖုံးကားချလိုက်ပါပြီ။ ဘယ် Interview ဘယ် Media ဘယ် Social platforms တွေမှာ မှ မရေး/ မတင် သလို ဖြေဆိုချင်းလည်းမပြုလုပ်တော့ပါဘူးခင်ဗျာ။”

“ချစ်သော စာနယ်ဇင်း ဆရာ/ဆရာမ ညီငယ် ညီမငယ်များ အားလုံးကိုလည်း ဒီနေရာကနေ ပန်ကြားပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ထွန်းထွန်းကတော့ နောက်ပိုင်းမှာ သူ့ရဲ့ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ဘာမှကို ထုတ်မပြောတော့ဘူးလို့ သိရပါတယ်။

Rowena
Source: Htin Aung Tun’s fb