သီ ချင်းတွေကို ကိုယ်ပိုင်ခံစားချက်နဲ့ ဖန်တီးပြီး Mood အပြည့်နဲ့ သီဆိုလေ့ရှိတာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ပိုပိုကတော့ ပရိသတ်တွေအတွက်အမိုက်စားသီချင်းတွေကိုလည်း ဖန်တီးနေသူတစ်ဦးပါ။

ကိုယ်ေ ရးကိုယ်တာ ကိစ္စတွေကို ထုတ်ပြောလေ့မရှိတဲ့ အဆိုတော် ပိုပိုကတော့ လတ်တလောမှာ သူမတွဲခဲ့ဖူးတဲ့ ဘဲတွေရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ ခြူစားတာမျိုးတွေနဲ့ပါ ကြုံတွေ့ဖူးတဲ့ ပိုပိုကတော့ အချစ်ရေးမှာ ကံမကောင်းသူလေးပဲ ဖြစ်ပါတယ်။

ပို ပိုကတော့ “ကိုယ်နဲ့တွဲခဲ့တဲ့ ဘဲ 80%လောက်က ကိုယ်နဲ့ တွဲတုန်းက ပိုက်ဆံလဲ သိပ်မထုတ် ကိုယ်က ကြိုးစားခိုင်းလဲ မကြိုးစား ကိုယ့်ကိုလဲ support မလုပ်ပေး ကိုယ့်နောက်ကလဲမလိုက် ရှေ့ကလဲမသွား ဘေးက ကန့်လန့်လုပ်ကြတာ ကိုယ်နဲ့ကျ ဘာမှသာမဟုတ်တာ တခြား စော်နဲ့ လဲတွဲရော ဆရာကြီးလိုလို သူဌေးလိုလို နဲ့ မြင်ရတာ စိတ်တောင်မကောင်း ဘူး ကိုယ့်က ရုပ်သာချောတာ အချစ်ရေးကျ သိပ်ကံမကောင်းရှာဘူး .တခါတလေ ချူစား လိမ်စားတဲ့သူလဲတွေ့သေးတာ 😪 အခုတော့ ကံကောင်းလာပါပြီ 😁” ဆိုပြီး အချစ်ရေးမှာ ကံမကောင်းတဲ့အကြောင်း ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။

ပိုပိုကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်မလေး ပိုပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါပဲ။

Myint Myat