နှစ်ရှည်ဆေးလိပ် သောက်သူတွေအတွက် ( အဆုတ်သန့်ဆေး )
နှစ်ရှည်ကြာ ဆေးလိပ်သောက်သူအများစုဟာ ချောင်းဆိုးရင်ကျပ်နာ သို့မဟုတ် အတောမသတ်နိုင်တဲ့ ချောင်းဆိုးဝေဒနာကို ခံစားကြရပါတယ်။
ဒါကို နေ့စဉ်နဲ့အမျှ အသုံးပြုပေးဖို့ အကြံပြုထားပါတယ်။
လိုအပ်သောပစ္စည်းများ
ကြက်သွန်နီ (၁) ကီလို = ၆၂ ကျပ်သား
ရေ (၁) လီတာ = ၆၂ ကျပ်သား
သကြားအညို (၄၀၀) ဂရမ် = ၂၅ ကျပ်သား
နနွင်း လက်ဖက်ရည်ဇွန်း (၂) ဇွန်း
စိတ်စိတ်လေးလှီးထားတဲ့ ဂျင်း အသင့်အတင့်
သကြားကို ရေနဲ့ရောပြီး မီးဖိုပေါ် ကျိုချက်ပေးပါ။ ဂျင်း၊ နနွင်းနဲ့ ကြွက်သွန်နီအခွံခွာ၊ ခလယ်ကနေလေးပိုင်းပိုင်းပြီး ရောထည့်ပါ။
ရေစတင် ဆူပွက်လာရင် မီးအပူရှိန်လျော့ပါ။
ရေထက်ဝက်လောက်ခန့် လျော့လာသည့်အထိ ချက်ပေးပါ။
အားလုံးပြီးဆုံးသွားပြီဆိုရင် အရေစစ်ထုတ်ပြီး ဖန်ခရားထဲ ပြောင်းထည့်ပါ။
အေးလာတဲ့အခါကျရင် ခရားကို ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
အဲဒါကို မနက်တိုင်း အစာလုံးဝ မစားခင် လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ညနေစာမစားခင် (၂) နာရီကြိုတင်ပြီး စားပေး သင့်ပါတယ်။
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန်အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကိုလှပစွာဖြတ် သန်းနိုင်ကြပါစေ။
ခရက်ဒစ် မူရင်း