အ သက္၄၅ ေလာက္ ကေလး၃ေယာက္အေဖဟာရြယ္တူ သူ႕မိ္န္းမကို အသက္ႀကီးၿပီၿငီးေငြ႕ ၿပီဆိုၿပီး ေကာင္မေလးငယ္ငယ္ရွာပါတယ္။ထုံးစံအတိုင္း FB ကေနအသက္၂၂ႏွစ္ အေခ်ာစားမိန္းကေလးတစ္ေယာက္နဲ႕ခ်ိတ္မိပါတယ္။

အေပ်ာ္ရွာခ်င္ေပမဲ့အျပစ္ေျပာစရာမရွိတဲ့ကေလးေတြ အေမ ကိုလည္းမကြဲခ်င္တဲ့ ဒီလူ႔အတြက္ ပိုအဆင္ေျပေစတာကေကာင္မေလးကလည္း “အိမ္ေထာင္ရွိတာလည္းသိဒီအိမ္ေထာင္ကိုလည္း ဖ်က္စီးလိုတဲ့ စိတ္မရွိ ။တိတ္တဆိတ္ ခ်စ္ေန ေပးဆပ္ေနရရင္ေက်နပ္ပါသတဲ့ အရမ္းခ်စ္လို႕ပါ”တဲ့ ။

တစ္လကို ေငြ၁သိန္းေလာက္ေပးကမ္းေထာက္ပ့ံရတာကလည္းေဒၚလာစား ဒီလူ႔အတြက္ေတာ့ ေအးေဆးပါပဲ ။သူ ကံေကာင္းလြန္းလို႕သူနဲ႕မွ အနစ္နာခံေပးဆပ္ခ်င္သူခ်စ္သူေခ်ာေခ်ာသန္႕သန္႕ေလးကိုရတာပါဆိုပဲ။

အဲဒီလိုနဲ႕ ၁ပတ္ ၁ရက္ေလာက္ ေကာင္မေလးနဲ႕သြားေနပုံမပ်က္ မိန္းမနဲ႕လည္းေပါင္းသင္းေပ်ာ္ေပ်ာ္ႀကီးေနလာလိုက္တဲ့ တစ္ႏွစ္ေလာက္အတြင္းမွာပဲမိန္းမ က ခဏခဏဖ်ား ေနမေကာင္းတေရွာင္ေရွာင္ေတြျဖစ္လာပါေရာ။

ေသြးစစ္လိုက္ေတာ့ HIV တဲ့အျပင္အလုပ္လည္းမလုပ္ ၊ကေလးေက်ာင္းအသိုင္းဝိုင္း အိမ္မႈကိစၥနဲ႕ ေယာက္်ားအိပ္ယာကလြဲလို႕ ဘယ္မွမေရာက္တဲ့ မိန္းမဘယ္လိုဒီေရာဂါ ရပါသလဲ ?။

မိန္းမျဖစ္သူဟာ သနားစရာေကာင္းလွစြာစိတ္ဓာတ္ေတြ ခြ်တ္ခ်ဳံက်ၿပီး၁လေလာက္အတြင္း အ႐ိုးေပၚအေရတင္ျဖစ္သြားပါတယ္ ။သမီး အငယ္ဆုံးေလး က ခုမွ ၇ႏွစ္ ထိုေယာက္်ားႀကီးကေတာ့ ေသြးေတြပ်က္ၿပီးေဆးစစ္မခံဘဲ ပတ္ေျပးေနပါသတဲ့ ။

အဲသလိုနဲ႕ ဆက္တိုက္ ၾကံဳလာရတဲ့အျဖစ္ေတြကို ဝိုင္းစုံစမ္းၾကေတာ့အခ်စ္စစ္နဲ႔တိတ္တဆိတ္အနစ္နာခံေပးဆပ္ေနတဲ့ခ်စ္သူမေလးဟာ သူ႕လိုပဲတျခားတိတ္တဆိတ္ေပးဆပ္သူ၄ေယာက္ရွိပါေသးသတဲ့ ။

၁ပတ္ ၁ရက္ႏႈံးနဲ႕ အလွည့္က်ေပးဆပ္ေနသူပါဒီ၅ေယာက္က သူ႔ကို၁လ ၅-၁၀သိန္းထိ အမ္းေနသလိုသူကလည္းျပန္ၿပီး အသက္၂၀ေလာက္ေကာင္ေလး၁ေယာက္ကို ျပန္အမ္းေနပါသတဲ့ ။

မိန္းမႀကိဳက္ ဒီဇိုင္း ဂ်စ္ကန္ကန္ ေကာင္ေလးဟာခုေတာ့ မူးယစ္ေဆးမိလို႕ ေထာင္ထဲမွာပါတဲ့ထိုေကာင္ေလးဟာ သူအမ္းတဲ့ ပိုက္ဆံနဲ႕သုံးစြဲခ်င္တာေတြမေလာက္လို႕အေပးကမ္းရက္ေရာတဲ့ က်ားက်ားခ်င္း ခ်စ္သူမ်ားလည္းရွိပါသတဲ့။

HIV ဝကၤဘာႀကီးမွာေတာ့ ေရာဂါျပတဲ့စစ္မိတဲ့ မိန္းမတစ္ေယာက္ပဲေပၚပါေသးတယ္ ။တျခားသူေတြဘယ္ေလာက္ထိဘယ္သူေတြကိုဆက္ျဖန္႔သြားဦးမလဲ မသိပါဘူး ။တကယ္ေၾကာက္စရာပါ ။

ကိုယ္ခံအားေကာင္းသူေတြ႐ုတ္တရက္မေပၚသလိုဒီေကာင္မေလးနဲ႕ရႈပ္ထားတဲ့၁ပါတ္၁ေယာက္ ပုဂၢိဳလ္မ်ားမွာလည္းမိန္းမ မိသားစု ရွိေနရင္ သူတို႕ကိုသူတို႕ အင္မတန္လည္ပါတယ္ဆိုတဲ့ေယာက္်ားမ်ားဟာ တကယ္ အ တာပါ ။

ကိုယ့္ကိုကိုယ္ သိပ္စြံ သိပ္စြမ္း ထင္ေနျခင္းကဂ်င္းထည့္ဖို႕အေကာင္းဆုံးသူႀကီးျဖစ္သြားတာပါပဲ ။သူ႕အေပ်ာ္ သူ႔အကုသိုလ္အတြက္ ခံရတာနည္းေသးတယ္လို႕ေတာင္ေတြးမိေပမဲ့အျပစ္မဲ့တဲ့မိန္းမ နဲ႕ ကေလးေတြကတကယ္သနားစရာပါ။

မိန္းမ မို႕ မိ္န္းမေတြဖက္ကပဲ သတိေပးပါရေစေခတ္ႀကီးက လိုင္းေပါင္းစုံၿပီးတအားရႈပ္ေထြးေနပါၿပီတကယ္ပ်က္ေနတာပါ ။ကိုယ့္ေယာက္်ား တစ္ခါတစ္ေလ အေပ်ာ္လိုက္တာပဲခြင့္လႊတ္လိုက္ပါမယ္ဆိုၿပီးမခြင့္လႊတ္ပါနဲ႕ အခု အျဖစ္ကိုပဲၾကည့္ပါကေလးေတြအေမဟာ တကယ္သနားဖို႕ေကာင္းပါတယ္ သိပ္ေနရေတာ့မယ္မထင္ပါဘူူး ။

တကယ္လို႔မ်ား..ကိုယ့္ေယာက်္ားခုလိုအျဖစ္မ်ိဳးၾကံဳခဲ့ရင္ဘယ္လိုမွထိန္းသိမ္းလို႔မရတဲ့ေနာက္မွေတာ့သတၱိ႐ွိ႐ွိ ႐ုန္းထြက္ လမ္းခြဲရဲဖို႔ လိုပါတယ္။ဘဝက ႐ုန္းကန္လို႕ရပါတယ္အသက္ရွင္က်န္းမာဖို႕ပဲလိုတာပါ။ကိုယ္မေကာင္းတာမလုပ္ဘဲဘုရား႐ိုက္တဲ့ ေရာဂါႀကီးနဲ႕ ဘဝမဆုံးပါေစနဲ႕။

ကေလးေတြကိုလည္း အရြယ္ေရာက္ရင္နားလည္ေအာင္ ေျပာျပလို႕ရပါတယ္ ။ကိုယ့္ကိုကိုယ္အတြက္ သူတို႕အတြက္ ဒီလိုလူနဲ႕လမ္းခြဲရတယ္ဆိုတဲ့အေၾကာင္း ေျပာျပပါ။လူတိုင္း မိမိကိုယ္ကို ကာကြယ္ေစာင့္ေ႐ွာက္တတ္ၾကဖို႔လိုပါတယ္။

ခ်ိဳ ဇင္ေလး

Unicode

“အစ်ကိုကြီးရဲ့ အိမ်ထောင်ရေးကို မဖျက်ဆီးပါဘူး. ..တိတ်တိတ်လေး ပေးဆပ်ရတာကိုပဲ ကျေနပ်ပါတယ်” ဆိုသူလေးက ပေးတဲ့ ဒုက္ခတွေ

အသက်၄၅ လောက် ကလေး၃ယောက်အဖေဟာရွယ်တူ သူ့မိ်န်းမကို အသက်ကြီးပြီငြီးငွေ့ ပြီဆိုပြီး ကောင်မလေးငယ်ငယ်ရှာပါတယ်။ထုံးစံအတိုင်း FB ကနေအသက်၂၂နှစ် အချောစားမိန်းကလေးတစ်ယောက်နဲ့ချိတ်မိပါတယ်။

အပျော်ရှာချင်ပေမဲ့အပြစ်ပြောစရာမရှိတဲ့ကလေးတွေ အမေ ကိုလည်းမကွဲချင်တဲ့ ဒီလူ့အတွက် ပိုအဆင်ပြေစေတာကကောင်မလေးကလည်း “အိမ်ထောင်ရှိတာလည်းသိဒီအိမ်ထောင်ကိုလည်း ဖျက်စီးလိုတဲ့ စိတ်မရှိ ။တိတ်တဆိတ် ချစ်နေ ပေးဆပ်နေရရင်ကျေနပ်ပါသတဲ့ အရမ်းချစ်လို့ပါ”တဲ့ ။

တစ်လကို ငွေ၁သိန်းလောက်ပေးကမ်းထောက်ပ့ံရတာကလည်းဒေါ်လာစား ဒီလူ့အတွက်တော့ အေးဆေးပါပဲ ။သူ ကံကောင်းလွန်းလို့သူနဲ့မှ အနစ်နာခံပေးဆပ်ချင်သူချစ်သူချောချောသန့်သန့်လေးကိုရတာပါဆိုပဲ။

အဲဒီလိုနဲ့ ၁ပတ် ၁ရက်လောက် ကောင်မလေးနဲ့သွားနေပုံမပျက် မိန်းမနဲ့လည်းပေါင်းသင်းပျော်ပျော်ကြီးနေလာလိုက်တဲ့ တစ်နှစ်လောက်အတွင်းမှာပဲမိန်းမ က ခဏခဏဖျား နေမကောင်းတရှောင်ရှောင်တွေဖြစ်လာပါရော။

သွေးစစ်လိုက်တော့ HIV တဲ့အပြင်အလုပ်လည်းမလုပ် ၊ကလေးကျောင်းအသိုင်းဝိုင်း အိမ်မှုကိစ္စနဲ့ ယောက်ျားအိပ်ယာကလွဲလို့ ဘယ်မှမရောက်တဲ့ မိန်းမဘယ်လိုဒီရောဂါ ရပါသလဲ ?။

မိန်းမဖြစ်သူဟာ သနားစရာကောင်းလှစွာစိတ်ဓာတ်တွေ ချွတ်ချုံကျပြီး၁လလောက်အတွင်း အရိုးပေါ်အရေတင်ဖြစ်သွားပါတယ် ။သမီး အငယ်ဆုံးလေး က ခုမှ ရနှစ် ထိုယောက်ျားကြီးကတော့ သွေးတွေပျက်ပြီးဆေးစစ်မခံဘဲ ပတ်ပြေးနေပါသတဲ့ ။

အဲသလိုနဲ့ ဆက်တိုက် ကြုံလာရတဲ့အဖြစ်တွေကို ဝိုင်းစုံစမ်းကြတော့အချစ်စစ်နဲ့တိတ်တဆိတ်အနစ်နာခံပေးဆပ်နေတဲ့ချစ်သူမလေးဟာ သူ့လိုပဲတခြားတိတ်တဆိတ်ပေးဆပ်သူ၄ယောက်ရှိပါသေးသတဲ့ ။

၁ပတ် ၁ရက်နှုံးနဲ့ အလှည့်ကျပေးဆပ်နေသူပါဒီ၅ယောက်က သူ့ကို၁လ ၅-၁ဝသိန်းထိ အမ်းနေသလိုသူကလည်းပြန်ပြီး အသက်၂ဝလောက်ကောင်လေး၁ယောက်ကို ပြန်အမ်းနေပါသတဲ့ ။

မိန်းမကြိုက် ဒီဇိုင်း ဂျစ်ကန်ကန် ကောင်လေးဟာခုတော့ မူးယစ်ဆေးမိလို့ ထောင်ထဲမှာပါတဲ့ထိုကောင်လေးဟာ သူအမ်းတဲ့ ပိုက်ဆံနဲ့သုံးစွဲချင်တာတွေမလောက်လို့အပေးကမ်းရက်ရောတဲ့ ကျားကျားချင်း ချစ်သူများလည်းရှိပါသတဲ့။

HIV ဝင်္ကဘာကြီးမှာတော့ ရောဂါပြတဲ့စစ်မိတဲ့ မိန်းမတစ်ယောက်ပဲပေါ်ပါသေးတယ် ။တခြားသူတွေဘယ်လောက်ထိဘယ်သူတွေကိုဆက်ဖြန့်သွားဦးမလဲ မသိပါဘူး ။တကယ်ကြောက်စရာပါ ။

ကိုယ်ခံအားကောင်းသူတွေရုတ်တရက်မပေါ်သလိုဒီကောင်မလေးနဲ့ရှုပ်ထားတဲ့၁ပါတ်၁ယောက် ပုဂ္ဂိုလ်များမှာလည်းမိန်းမ မိသားစု ရှိနေရင် သူတို့ကိုသူတို့ အင်မတန်လည်ပါတယ်ဆိုတဲ့ယောက်ျားများဟာ တကယ် အ တာပါ ။

ကိုယ့်ကိုကိုယ် သိပ်စွံ သိပ်စွမ်း ထင်နေခြင်းကဂျင်းထည့်ဖို့အကောင်းဆုံးသူကြီးဖြစ်သွားတာပါပဲ ။သူ့အပျော် သူ့အကုသိုလ်အတွက် ခံရတာနည်းသေးတယ်လို့တောင်တွေးမိပေမဲ့အပြစ်မဲ့တဲ့မိန်းမ နဲ့ ကလေးတွေကတကယ်သနားစရာပါ။

မိန်းမ မို့ မိ်န်းမတွေဖက်ကပဲ သတိပေးပါရစေခေတ်ကြီးက လိုင်းပေါင်းစုံပြီးတအားရှုပ်ထွေးနေပါပြီတကယ်ပျက်နေတာပါ ။ကိုယ့်ယောက်ျား တစ်ခါတစ်လေ အပျော်လိုက်တာပဲခွင့်လွှတ်လိုက်ပါမယ်ဆိုပြီးမခွင့်လွှတ်ပါနဲ့ အခု အဖြစ်ကိုပဲကြည့်ပါကလေးတွေအမေဟာ တကယ်သနားဖို့ကောင်းပါတယ် သိပ်နေရတော့မယ်မထင်ပါဘူူး ။

တကယ်လို့များ..ကိုယ့်ယောကျ်ားခုလိုအဖြစ်မျိုးကြုံခဲ့ရင်ဘယ်လိုမှထိန်းသိမ်းလို့မရတဲ့နောက်မှတော့သတ္တိရှိရှိ ရုန်းထွက် လမ်းခွဲရဲဖို့ လိုပါတယ်။ဘဝက ရုန်းကန်လို့ရပါတယ်အသက်ရှင်ကျန်းမာဖို့ပဲလိုတာပါ။ကိုယ်မကောင်းတာမလုပ်ဘဲဘုရားရိုက်တဲ့ ရောဂါကြီးနဲ့ ဘဝမဆုံးပါစေနဲ့။

ကလေးတွေကိုလည်း အရွယ်ရောက်ရင်နားလည်အောင် ပြောပြလို့ရပါတယ် ။ကိုယ့်ကိုကိုယ်အတွက် သူတို့အတွက် ဒီလိုလူနဲ့လမ်းခွဲရတယ်ဆိုတဲ့အကြောင်း ပြောပြပါ။လူတိုင်း မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်ကြဖို့လိုပါတယ်။

ချို ဇင်လေး