သင် ဇာနွယ်ဝင်းဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးမှုကို ရရှိခဲ့သူပါ…ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပြီး မိသားစုအပေါ် အချိန်ပေးရင်း သာယာချမ်းမြေ့တဲ့ ခရီးလမ်းကို လျှောက်လှမ်းလျက်ရှိပါတယ်…

ဒါပေမယ့် တချို့သောသူတွေက ဒီအခြေအနေကို မနှစ်သက်ဘဲ ယောက်ကျားဖြစ်သူဆီ ရန်တိုက်ပေးတဲ့ စာတွေပို့ရင်း အနှောင့်အယှက်တွေပေးတာတွေရှိပြီး စနိုက်ကြော်ခံရလုနီးပါးဖြစ်ရတဲ့အကြောင်းလေးတွေကို အင်တာဗျူးတစ်ခုကနေ ရင်ဖွင့်လာခဲ့ပါတယ်သင်ဇာနွယ်ဝင်းက ပြောပြခဲ့ရာမှာတော့ “သူမအနေနဲ့ အသက် ၂၇ နှစ်မှာ အိမ်ထောင်ကျတာဖြစ်ပြီး အရင်ကထားခဲ့ဖူးတဲ့ ရည်းစားတွေကို စနိုက်ကြော်ပြီးလာလုသူတွေ ရှိခဲ့ဖူးပြီး ခုချိန်မှာ ကိုယ့်ယောက်ကျားကိုတော့ စနိုက်ကြော်ပြီးလာလုတာတော့မရှိသေးပါဘူးလို့ ဆိုခဲ့ပါတယ်…

ဒါ့အပြင် အမျိုးသားက သူ့နဲ့ သားသမီးတွေအပေါ် ဂရုစိုက်တဲ့အကြောင်း ယူကာစက တချို့မိန်းကလေးတွေက သူ့ယောက်ကျားဆီ ခင်ချင်ကြောင်း စာတွေပို့တာတွေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်တချို့မိန်းကလေးတွေက နင့်မိန်းမကလေ အပျိုတုန်းကဘယ်သူနဲ့ ကြိုက်တာသိလား.တချို့ကျတော့ မဟုတ်တဲ့ ကိစ္စတွေလာပို့တာတွေ ရှိတဲ့အကြောင်း ယောက်ကျားဖြစ်သူ့ရဲ့ Facebook Account ကို လာလာပို့တယ်လို့ ဆိုပါတယ်….နောက်ပိုင်းလွန်လာတာတွေရှိတဲ့အတွက်ကြောင့် ယောက်ကျားအကောင့်ကို သင်ဇာကိုင်တယ်ဆိုပြီး ပြောလိုက်တာလို့ ဆိုပါတယ်…

ဒါ့အပြင် ယောက်ကျားဖြစ်သူအနေနဲ့ သူမအကြောင်းတွေအကုန်သိပြီးသားဖြစ်လို့ ခုလိုမဟုတ်တာတွေ လာပြောနေလည်း ဘာမှမဖြစ်ဘဲ အဖေအမေထက်တောင် သူ့ကို ယောက်ကျားက နားလည်တယ်ဆိုတဲ့အကြောင်းတွေကို ပြောပြလာခဲ့ပါတယ်…”သင်ဇာနွယ်ဝင်းအနေနဲ့ ခုချိန်မှာတော့ ချစ်တဲ့ ယောက်ကျား သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိနေပြီဖြစ်ပါတယ်…သူဖြေဆိုခဲ့တဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း ပရိသတ်တွေကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Credit Shwe Yaung Lan
Video Source : Myanmar Cele 7