ပုံထဲ မှာ မြင်နေရတာကတော့ သပိတ်ကျင်းမြို့နယ်မှာ တရားမဝင် ရွှေတူးဖော်သူတွေ ပျော်ပျော်ပါးပါးကြီး တရားဝင်သကဲ့သို့ ရွှေတွေ တူးနေကြတာဖြစ်ပါတယ်။ ဒီလို တရားမဝင် တူးနေတာတွေကို သက်ဆိုင်ရာ လူကြီးတွေက မသိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မှောင်ခိုတူးနေတဲ့ သူတွေက ဆက်ကြေးပေးထားလို့ ငြိမ်နေကြတာပါ။

မှန်မှန်ကန်ကန်နဲ့ စီးပွားရှာချင်လို့ တရားဝင်လိုင်စင်လျှောက်တဲ့သူ ကျတော့ အကြောင်းအမျိုးမျိုးပြပြီး လိုင်စင်တွေ မချပေးဘဲ ထင်တိုင်းကြဲမယ့် မှောင်ခိုသမားတွေကျတော့ ပျော်ပျော်ကြီး တူးနေကြပါတယ်။ ဧရာဝတီကို တကယ်ချစ်တဲ့ သပိတ်ကျင်းဒေသခံတဦးရဲ့ အသံကို ဖော်ပြလိုက်ပါတယ်-

“သက်ဆိုင်ရာလူကြီးမင်းများကို အသိပေးပါတယ်။ ကဲ…ဧရာဝတီကို အစည်းအဝေးနဲ့ပရောဂျက်တွေမှာ ချစ်တယ်ပြောနေတဲ့ အစိုးရလူကြီးမင်းများနဲ့ သက်ဆိုင်ရာဌာနလူကြီးမင်းများခင်ဗျား…

သပိတ်ကျဉ်းမြို့နယ် ပေသောင်ရွာ အထက်ဘက်မှာ စက် အလုံး ၃၀ နဲ့ ဧရာဝတီမြစ်ထဲ ရွှေတူးနေတာ ဓာတ်ပုံက (၁၁-၁-၂၀၂၀) က ရိုက်ထားတာပါ။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ အခန်း ၅ ၊ ပုဒ်မ ၁၃ အရ တားဆီးပေးကြပါ။ ကူညီပါဦး။ ဧရာဝတီချစ်တဲ့သူကြီးတွေ (မြို့နယ်က သက်ဆိုင်ရာတွေ သိရက်နဲ့ ဘာမှမလုပ်လို့ ဖေ့ဘုတ် ပေါ်တင်သည် ကြိုပြောထားတာ)”

Soe Hein