အြန္ လိုင္းကုန္ပို႔စနစ္ျဖင့္ လႉဒါန္းမႈကို လက္ခံၿပီး ဗီဒီယိုေကာလ္ျဖင့္ အလႉဒါန ဆုေတာင္းစကားေျပာၾကားေပးသည့္ ထိုင္းရဟန္းတစ္ပါးမွာ အြန္လိုင္းတြင္ ေထာက္ခံသူ ႐ုတ္တရက္တိုးပြားသြားခဲ့ေၾကာင္း Malay Mail သတင္းတြင္ ေဖာ္ျပထားသည္။

အဆိုပါ ဘုန္းေတာ္ႀကီးမွာ ထိုင္းေတာင္ပိုင္း ထရန္းျပည္နယ္ နီခြန္ပရာတိပ္ဘုန္ႀကီးေက်ာင္းမွ ဆူဝီရာဝါရာဝတ္ဘြဲ႕ အမည္ရသည့္ ရဟန္းျဖစ္ၿပီး အြန္လိုင္းပစၥည္း ပို႔နည္းျဖင့္ လႉဒါန္းျခင္းကို လက္ခံေၾကာင္း ၎၏ ေဖ့စဘြတ္မွတစ္ဆင့္ေၾကညာခဲ့ရာ ခ်က္ခ်င္းလူအမ်ား၏ ေထာက္ခံမႈကို ရရွိသြားခဲ့သည္။

ယင္းလုပ္ရပ္သည္ အစဥ္အလာ အလႉဒါနျပဳလုပ္သည့္ ပုံစံမဟုတ္ေၾကာင္း ဘုန္းေတာ္ႀကီးကို ေဝဖန္သူမ်ားလည္းရွိသည္။ သို႔ေသာ္ ယခုနည္းလမ္းမွာ ေခတ္မီတိုးတက္လာမႈႏွင့္ လိုက္ေလ်ာညီေထြျပဳမူျခင္းျဖစ္ေၾကာင္း အဆိုပါဘုန္ေတာ္ႀကီးက ဆိုသည္။

” မိမိတို႔ေနထိုင္ေနၾကသည့္ ေခတ္ကာလသည္ လူအခ်င္းခ်င္းမေတြ႕ မျမင္ရဘဲ ေပးကမ္းလႉဒါန္းလို႔ရတဲ့ ေခတ္ပါ။ ဗုဒၶဘာသာဝင္ေတြကလည္း ပစၥည္းပို႔ေပးတဲ့ မိုဘိုင္းလ္ APP ကေန လႉဒါန္းတယ္။ မိမိတို႔ဘုန္ေတာ္ႀကီးေတြကလည္း ဗီဒီယိုေကာလ္နဲ႔ ျပန္ၿပီး ဆုေတာင္း ေမတၱာပို႔ေပးပါတယ္ ” ဟု ဘုန္းေတာ္ႀကီး ဆူဝီရာဝါရာဝတ္က ေဖ့စဘြတ္စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။

အဆိုပါဘုန္းေတာ္ႀကီး၏ သတင္းမွာ ေဒသခံ႐ုပ္သံမီဒီယာမ်ားတြင္ ထုတ္လႊင့္ ျပသခံခဲ့ရၿပီး ၎ ေရးသားသည့္ အဆိုပါပို႔စ္ကို Like လုပ္သူ ၇,၀၀၀ ေက်ာ္ရွိကာ Share လုပ္သူမ်ားလည္း အမ်ားအျပား ရွိသည္။

ေဝဖန္သူမ်ားက ၎၏ လႉဒါန္းပုံကို ေထာက္ခံလႉဒါန္းသူမ်ားကို လူပ်င္းမ်ားဟု ေဝဖန္ခဲ့ၾကသကဲ့သို႔ အစဥ္အလာပုံစံႏွင့္ ဆန္က်င္သည့္ လႉဒါန္းမႈပုံစံကိုလည္း ေဝဖန္ခဲ့ၾကေၾကာင္း အဆိုပါသတင္းတြင္ ေဖာ္ျပထားသည္။

Unicode

အွန် လိုင်းကုန်ပို့စနစ်ဖြင့် လှူဒါန်းမှုကို လက်ခံပြီး ဗီဒီယိုကောလ်ဖြင့် အလှူဒါန ဆုတောင်းစကားပြောကြားပေးသည့် ထိုင်းရဟန်းတစ်ပါးမှာ အွန်လိုင်းတွင် ထောက်ခံသူ ရုတ်တရက်တိုးပွားသွားခဲ့ကြောင်း Malay Mail သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဘုန်းတော်ကြီးမှာ ထိုင်းတောင်ပိုင်း ထရန်းပြည်နယ် နီခွန်ပရာတိပ်ဘုန်ကြီးကျောင်းမှ ဆူဝီရာဝါရာဝတ်ဘွဲ့ အမည်ရသည့် ရဟန်းဖြစ်ပြီး အွန်လိုင်းပစ္စည်း ပို့နည်းဖြင့် လှူဒါန်းခြင်းကို လက်ခံကြောင်း ၎င်း၏ ဖေ့စဘွတ်မှတစ်ဆင့်ကြေညာခဲ့ရာ ချက်ချင်းလူအများ၏ ထောက်ခံမှုကို ရရှိသွားခဲ့သည်။

ယင်းလုပ်ရပ်သည် အစဉ်အလာ အလှူဒါနပြုလုပ်သည့် ပုံစံမဟုတ်ကြောင်း ဘုန်းတော်ကြီးကို ဝေဖန်သူများလည်းရှိသည်။ သို့သော် ယခုနည်းလမ်းမှာ ခေတ်မီတိုးတက်လာမှုနှင့် လိုက်လျောညီထွေပြုမူခြင်းဖြစ်ကြောင်း အဆိုပါဘုန်တော်ကြီးက ဆိုသည်။

” မိမိတို့နေထိုင်နေကြသည့် ခေတ်ကာလသည် လူအချင်းချင်းမတွေ့ မမြင်ရဘဲ ပေးကမ်းလှူဒါန်းလို့ရတဲ့ ခေတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ပစ္စည်းပို့ပေးတဲ့ မိုဘိုင်းလ် APP ကနေ လှူဒါန်းတယ်။ မိမိတို့ဘုန်တော်ကြီးတွေကလည်း ဗီဒီယိုကောလ်နဲ့ ပြန်ပြီး ဆုတောင်း မေတ္တာပို့ပေးပါတယ် ” ဟု ဘုန်းတော်ကြီး ဆူဝီရာဝါရာဝတ်က ဖေ့စဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

အဆိုပါဘုန်းတော်ကြီး၏ သတင်းမှာ ဒေသခံရုပ်သံမီဒီယာများတွင် ထုတ်လွှင့် ပြသခံခဲ့ရပြီး ၎င်း ရေးသားသည့် အဆိုပါပို့စ်ကို Like လုပ်သူ ၇,၀၀၀ ကျော်ရှိကာ Share လုပ်သူများလည်း အများအပြား ရှိသည်။

ဝေဖန်သူများက ၎င်း၏ လှူဒါန်းပုံကို ထောက်ခံလှူဒါန်းသူများကို လူပျင်းများဟု ဝေဖန်ခဲ့ကြသကဲ့သို့ အစဉ်အလာပုံစံနှင့် ဆန်ကျင်သည့် လှူဒါန်းမှုပုံစံကိုလည်း ဝေဖန်ခဲ့ကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။