သ ရုပ်ဆောင်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ စာရေးဆရာ အကြည်တော်ရဲ့ ဘီလူး ဆိုတဲ့ ဇတ်ကားကြီးဟာလည်း တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ အသက်အရွယ်ပိုင်းအရ ကြီးမြင့်လာသော်လည်း ယနေ့အချိန်ထိ သူတတ်မြောက်ထားတဲ့

အနု ပညာနဲ့ ပရိတ်သတ်ကြီးကို ပျော်ရွှင်စေသူဖြစ်ပါတယ်။ သရုပ်ဆောင်ဗေလုဝဟာ ဟာသအနုပညာနဲ့ ပရိတ်သတ်ကြီးကို တင်ဆက်ယုံသာမက စာအုပ်စာပေများနဲ့လည်း အသိပညာများကို မျှဝေသူတစယောက်ဖြစ်ပါတယ်။ ယခုလို

စွယ်စုံ ရ အနုပညာရှင် ဗေလုဝဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ဦးနှောက် သွေးခဲပြီး ပင်လုံဆေးရုံမှာ ဆေးရုံတက် ကုသနေရတယ်လို့ သတင်းရရှိပါတယ်။ ယနေ့မှာတော့ ပြန်လည် သတိရလာခဲ့ပြီး လမ်းလျောက်နိုင်ခဲ့သော်လည်း

အသိမှတ်ဉာဏ်တွေဟာ ကောင်းမွန်စွာ အလုပ် မလုပ်သေးဘူးလို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ပေးနေတဲ့ ဟာသသရုပ်ဆောင် ဗေလုဝ အမြန်ကျန်းမာပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်……….။