နေဒွေး ဟာ သရုပ်ဆောင်လောကမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ မင်းသားတစ်ဦးပါ…ခန္ဓာကိုယ်တောင့်တင်းပြီး ယောက်ကျားပီသတဲ့ ပုံစံဖြစ်တာကြောင့် မိန်းကလေးတွေအနေနဲ့ လည်း သဲသဲလှုပ်အားပေးကြသူပါ…လတ်တလောမှာ နေဒွေးဟာ သူ့ရင်ထဲက ခံစားနေရတဲ့ အချစ်ရေးကိစ္စတွေကို အင်တာဗျူးတစ်ခုမှာ ခုလိုရင်ဖွင့်ခဲ့ပါတယ်…

“သူ့ ဘဝထဲကို ဒုတိယမြောက်အဖြစ်ဝင်လာတဲ့ သူမကို လွန်ခဲ့တဲ့ ၁ နှစ်လောက်တည်းကတွေ့ဖူးပေမယ့် အလုပ်တွေရှုပ်နေတာကြောင့် မလိုက်ဖြစ်ခဲ့ကြောင်း…ခုချိန်မှာတော့ အမှတ်မထင် Facebook နဲ့ပတ်သက်ပြီးတွေ့တဲ့အခါမှာတော့ အရမ်းကို ချစ်သွားခဲ့မိတယ်လို့ ဆိုပါတယ်….လောလောဆယ်မှာတော့ လူတွေက ချစ်သူမရှိဘူးလို့ ထင်ကြပေမယ့် နေဒွေးကတော့ ချစ်သူရှိတယ်လို့ ခံယူထားပြီး သူမကို ရင်ထဲမှာ အမြဲထားတယ်လို့ ဆိုပါတယ်…

အချစ်နဲ့ ပတ်သက်လာရင် သူမကို ချစ်နေရရင်ကျေနပ်တယ်လို့ ဆိုခဲ့ပြီး အရင်က မိန်းကလေးကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ခဲ့ပွေခဲ့ဖူးတာတွေကြောင့် ဒီပြစ်ဒဏ်တွေကိုတော့ ခံရမှာပဲလို့ နေဒွေးကဆက်ပြောခဲ့ပါတယ်…. ဒါပေမယ့် သူမကိုတော့ အမြဲရင်ထဲမှာ ရှိသွားမှာပါလို့ ဆိုခဲ့ပြီး နောက်ပိုင်းအချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်အင်တာဗျူးကိုမှ မဖြေတော့ပါဘူးလို့ နေဒွေးကဆိုခဲ့ပါတယ်..”

နေဒွေးတစ်ဖက်သက်ချစ်ရတဲ့ ချစ်သူကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး အဆိုပါ အင်တာဗျူး ဗီဒီယိုလေးရဲ့ အောက်မှာလည်း ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းနေကြတာပါ…နေဒွေးပြောပြထားတဲ့ သူ့ရင်ထဲက အချစ်အကြောင်း အင်တာဗျူးဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…ပရိသတ်ကြီးတို့လည်း နေဒွေးချစ်တာ ဘယ်သူလဲ ခန့်မှန်းခဲ့ကြပါအုံးနော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Myanmar Celebrity TV