မြန် မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို နှစ်တိုင်းလိုလိုရရှိထားတဲ့ မြန်မာအိုင်ဒေါ Season-4 ကြီးကပြီးဆုံးခဲ့ပါပြီ။

နှစ်တိုင်းနီးပါး ပြိုင်ပွဲဝင်တွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေနဲ့အတူ မြင့်မားသော ဆုကြေးနဲ့ ဆုကြေးငွေတွေကိုလည်း ပေးအပ်တာတွေ့ရပါတယ်။ ဒီနှစ်မှာတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ ဝင်းနားဆုရှင်ဖြစ်သူ အက်စတာကို Star City အိမ်ယာမှ အိပ်ခန်း ၂ ခန်းပါဝင်တဲ့ တိုက်ခန်းတစ်ခန်းကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

အက်စတာက မြန်မာအိုင်ဒေါရဲ့ ဝင်းနားဆုကိုရရှိခဲ့တဲ့အတွက် ငွေကျပ်သိန်း ငါးရာနဲ့အတူ Star City မှချီးမြှင့်တဲ့ တိုက်ခန်းတစ်ခန်းကိုပါ ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်ကနေ ရန်ကုန်မြို့မှာလာရောက်နေထိုင်ရတဲ့အက်စတာအတွက် ယခုလို နေစရာနေရာတစ်ခုရရှိခဲ့ခြင်းက အင်မတန်ကြီးမားတဲ့ ဆုလာဘ်တစ်ခုဖြစ်ခဲ့ပါတယ်။

Star City မှ အက်စတာအား တိုက်ခန်းတစ်ခန်းပေးအပ်ချီးမြှင့်ခဲ့ပုံတွေကို အက်စတာနဲ့ထပ်တူ ဝမ်းမြောက်ဂုဏ်ယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။We Love Cele