ပြည်သူ ချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီဟာ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲပြီးဖြစ်စေ ပရိသတ်တွေကြားမှာ ရေပန်းစားသူပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက ကျင်လည်တဲ့ အနုပညာနယ်ပယ်ချင်းမတူညီကြပေမယ့် နောက်ပိုင်းမှာတော့ ရွှေထူးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးသလို ရွှေမှုံကလဲ သီချင်းတွေ သီဆိုနေပြီဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

(၆) နှစ်လောက်ငယ် တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးက သူ့ရဲ့ ချစ်ဇနီးလေး မျက်နှာတစ်ချက် မညှိုးကအောင် ဖန်တီးပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရ်ီလ (၁၁) ရက်နေ့ကော့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါတယ်။ ဒါပေမယ့် ဇနီးလေး ရွှေမှုံရတီ စိတ်ကောက်နေတဲ့အတွက် တစ်နေ့ကို ပန်းစည်းတစ်စည်းပေးပြီး ချော့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Ariel ရေသူမ ကိတ်လေးကိုလည်း လက်ဆောင်ပေးပြီး “ရေသူမကိုချော့တုန်းက ကိတ်မုန့် 😁 သူကတော့ရေသူမပေါ့ ကျွန်တော်ကတော့ လိပ်လေးပေါ့ 😁” ဆိုပြီး ရွှေမှုံရတီလေး စ်တ်ဆိုးပြေအောင် အမျိုးမျိုး ချော့ခဲ့ရပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ ဇနီးလေးကို အရမ်းချစ်တတ်တာပဲနော်။ ရွှေမှုံရတီလည်း အခုဆိုရင် ရွှေထူးကို စိတ်ဆိုးပြေလောက်ပြီ ထင်ပါတယ်။

Rowena
Source: Shwe Htoo’s fb