Unicode
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက ပါးချိုင့်လေးနဲ့ မြန်မာဆန်ဆန်လှတဲ့ အခုချိန်ထိ အရွယ်တင် နုပျိုနေတဲ့ အေးမြတ်သူကိုတော့ အားလုံးကို မိတ်ဆက်ပေးနေစရာလိုမယ် မထင်ပါဘူး။ မြန်မာဆန်တဲ့အလှပိုင်ရှင် ဆိုပေမယ့် သူရဲ့ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ် အချိုးစားကြောင့် ဘယ်လိုပုံစံ ဝတ်ဝတ်ကြည့်ကောင်းနေတယ် ဆိုတာကိုတော့ အားလုံးလည်း ငြင်းလိမ့်မယ် မထင်ပါဘူး။ ကြည်လင်တဲ့ အသားရေနဲ့ သူရဲ့ ခန္ဓာကိုယ်အချိုးစားဟာ တကယ့်ကို လိုက်ဖက်လွန်းလှပါတယ်။
အခုပြောချင်လွန်းလို့ ပရိသတ်တွေကိုတော့ အေးမြတ်သူရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိရအောင် ပြောပြပေးလိုက်ပါတယ်။ လူပျိုကြီး အပျိုကြီး ဖြစ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ အေးမြတ်သူက “ လူပျိုကြီး အပျိုကြီးဆိုတာ အတူတူပဲလေ လူပျိုကြီး အပျိုကြီးဆိုတာ ဉာဏ်ရည်ထက်မှ လူပျိုကြီး အပျိုကြီး ဖြစ်တာ ။ (ရယ်လျက်) ကိုယ့်ဟာကိုယ်ဆွဲပြောရတာပေါ့ ။”ဆိုပြီးပြောပြသွားပါတယ်။
စိုင်းစိုင်းကို အိမ်ထောင်ပြုစေချင်လားဆိုတဲ့ မေးခွန်းကိုလည်း “ မပြုစေချင်ဘူး အစ်မတစ်ယောက် သုံးတာကောင်းတယ် ကိုစိုင်းကို အမြဲတမ်း အများပိုင်နာမ်ပဲ ဖြစ်စေချင်တယ် ။ အမြဲတမ်းချစ်နေလို့ရတယ် ။ ကိုစိုင်းရဲ့ Fan တစ်ယောက်အနေနဲ့ ပြောတာ ကိုစိုင်းကို ဘယ်တော့မှ အိမ်ထောင်မပြုစေချင်ဘူး” ဆိုပြီးပြောပြသွားခဲ့ပါတယ်။ သူရဲ့ အိမ်ထောင်ပြုဖို့ကိစ္စကိုလည်း “ ပြုမှာပါ အေးမြတ်သူကကျ မိန်းမတစ်ယောက် ဖြစ်တဲ့အခါကျတော့ ကိုယ့်ဟာကိုယ်ရပ်တည်ရတာ ခက်ခဲပါတယ်။ အမျိုးသားတွေနဲ့ မတူဘူးရှင့် အမျိုးသားတွေကကျ ကိုယ့်ဟာကို ရပ်တည်ဖို့က အရမ်းကို Strong ဖြစ်တယ် မိန်းမတွေက ဘယ်လောက်ပဲ Strong ဖြစ်ပါတယ် ပြောပြော အချိန်တန်ရင်တော့ မှီခိုအားထားရတာဆိုတော့ အေးမြတ်သူတို့က အချိန်တစ်ခုရောက်ရင်တော့ အိမ်ထောင်ပြုပါမယ်ဆိုပြီး ပြောပြသွားပါတယ်။