တစ်ချိန် တုန်းက ပရိသတ်တွေအားလုံး စိတ်ဝင်စားစောင့်ကြည့်နေရတဲ့အမှုကတော့ မော်ဒယ် နှင်းအိရွှေရည်နဲ့ သရုပ်ဆောင် မင်းထက်တို့ဇနီးမောင်နှံရဲ့ သုံးပွင့်ဆိုင်အမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် မင်းထက်က အခုလက်ရှိမှာ မင်းသမီး စိုးနန္ဒာကျော်နဲ့အတူ တရားဝင်လက်ထပ်ပြီး ပေါင်းသင်းနေထိုင်တာဖြစ်ပေမယ့် မင်းထက်ရဲ့တစ်ချိန်က ဇနီးဟောင်းမှ သမီးလေးနဲ့ပတ်သက်ပြီး ဖခင်ဖြစ်ပေးရန် တောင်းဆိုရာကနေ အမှုအခင်းတွေအထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သုံး ပွင့်ဆိုင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ သူတို့ရဲ့အရှုပ်တော်ပုံကတော့ တစ်စတစ်စကြီးထွားခဲ့ရာ အခုဆိုရင် တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မနှင်းအိရွှေရည်အနေနဲ့ မင်းထက်ရဲ့သမီးလေးအတွက် ဖခင်အဖြစ် အမည်ခံပေးရန် တောင်းဆိုမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းထက်ကတော့ သူ့အနေနဲ့ ကလေးစရိတ်သာပေးနိုင်မယ်ဆိုပြီး ပြတ်ပြတ်သားသားပြောဆိုခဲ့ကာ မနှင်းအိရွှေရည်ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

နှင်းအိရွှေရည်ကတော့ အခုချိန်မှာ single mother တစ်ယောက်အနေနဲ့ သမီးလေးကို အကောင်းဆုံး ပြုစုပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။ သမီးလေးရဲ့ မွေးနေ့ဖိတ်စာမှာ မိဘနာမည်ထည့်တာနဲ့ ပက်သက်ပြီး မီဒီယာတွေမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ နှင်းအိရွှေရည် ပြောတာကတော့ ” သမီးလေးရဲ့ မွေးနေ့ဖိတ်စာမှာ အဖေနာမည်ထည့်တာနဲ့ ပက်သက်ပြီး မည်သူမဆို လာမေးလို့ရပါတယ်။ ဒီအတွက် အကောင်းဆုံး သက်သေကတော့ သမီးလေးပဲ ဖြစ်ပါတယ်။

သမီးလေးက မိစုံဖစုံဆိုတော့ ဖိတ်စာမှာ အဖေနာမည်ရော အမေနာမည်ရော ထည့်တာ ကောင်းတယ်ဆိုတဲ့ သူတွေလည်း ရှိပြီး တစ်ဖက်ကလည်း ဂရုဏာဒေါသောနဲ့ ” နင် စိတ်မနာနိုင်သေးဘူးလား ငါတို့ကတော့ နင့်ဘက်ကနေ စိတ်နာလိုက်ရတာ နင်ကတော့ မပြတ်သားနိုင်ဘူး ” ဆိုပြီး ပြောတဲ့သူတွေလည်း ရှိတယ်။ အဲ့လိုမျိုးဆိုတော့ ဖိတ်စာကို နှစ်မျိုး လုပ်ဖြစ်သွားတာပေါ့နော်။အပြင်မှာ မိဘနာမည် စုံစုံလင်လင်နဲ့ တကယ်ဖိတ်တာက တစ်စောင် ရှိပါတယ်။ facebook မှာတော့ မိဘနာမည်မပါတဲ့ ဖိတ်စာကို တင်လိုက်တာပေါ့နော်။ မွေးနေ့ဖိတ်စာ လုပ်တဲ့အခါ မျက်ရည်ကျရတဲ့ အထိကို ခံစားရတယ်။ ကြုံတွေ့ရမယ်လို့ သိပေမယ့်လည်း တကယ်တမ်း ရင်ဆိုင်ရတဲ့ အခါ စိတ်ကို အတတ်နိုင်ဆုံး ပြန်ပြင်ဆင်လိုက်ရတယ်ပေါ့နော်။

အမက facebook မှာကျတော့ သမီးလေး အဖေနာမည်နဲ့ ရေးထားတဲ့ ဖိတ်စာကို တင်ဖို့ စိတ်က အဆင်မပြေသေးတော့ မတင်ဖြစ်ဘူးပေါ့နော်..” ဆိုပြီး ဖိတ်စာ ၂ မျိုး ရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကို အခုလို ဖြေဆိုသွားခဲ့တာပါ။ပရိတ်သတ်ကြီးရော ချစ်စရာကောင်းတဲ့ သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရတဲ့ နှင်းအိရွှေရည်အတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှူပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်။

ဗီဒီယိုကြည့်ရန်

Cele Connection