ေဈးကြက္ထဲတြင္ ထီေဈးႏႈန္းျမႇင့္တင္ေရာင္းခ်မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ၂၀၂၀ ျပည့္ႏွစ္အတြင္း ထီလက္မွတ္မ်ားကို အြန္လိုင္းေပၚမွတစ္ဆင့္ ေရာင္းခ်ႏိုင္ရန္ စီစဥ္ေနေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာၾကားသည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန ေအာင္ဘာေလသိန္းဆုဌာနခြဲ သည္ အီလက္ထ႐ြန္နစ္ထီ စတင္ရန္ ျပင္ဆင္ေနၿပီး ယခုလအတြင္း အဆိုပါထီစနစ္ႏိုင္ စတင္ရန္ ေဆြးေႏြးၫွိႏႈိင္းမည္ျဖစ္ကာ လက္ရွိေရာင္းခ်သည့္ ထီလက္မွတ္ကို အြန္လိုင္းေပၚမွတစ္ဆင့္ ေရာင္းခ်ရန္လည္း ေဆြးေႏြးမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

” ကၽြန္ေတာ္ တို႔အြန္လိုင္းက တင္ေရာင္းတာက ၂၀၂၀ အတြင္းမွာ ျဖစ္ႏိုင္တယ္။ အားလုံးကလည္း သေဘာတူရင္ျဖစ္ႏိုင္တယ္။ တခ်ိဳ႕ေတြလည္း ႀကိဳးစားေနၾကၿပီ။ တခ်ိဳ႕က ေဆာ့ဝဲလ္ေတြ လုပ္ထားတာလည္း ရွိေနၿပီ။ လုပ္မယ္ဆိုရင္ အြန္လိုင္းေပၚတင္ထားမယ္။ ေရာင္းမယ္။ ထိုးခ်င္တဲ့ သူက အြန္လိုင္းေပၚက ထိုးေပါ့ ” ဟု ၎က ေျပာဆိုသည္။

ပထမအဆင့္အကၡရာတစ္လုံးကို စတင္ေရာင္းခ်မည္ျဖစ္ၿပီး ေရာင္းအားေကာင္းပါက အကၡရာႏွစ္လုံး၊ သုံးလုံး တိုးခ်ဲ႕ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

အြန္လိုင္းေပၚတြင္ ထီလက္မွတ္တင္ထားမည္ျဖစ္ၿပီး မိုဘိုင္းလ္ဖုန္းမွ တစ္ဆင့္ ကံစမ္းႏိုင္မည္ျဖစ္ေၾကာင္း၊ ထီ အကၡရာႏွင့္ နံပါတ္မ်ားကို ထီကံစမ္းသူ၏ မိုဘိုင္းလ္ဖုန္းသို႔ ေပးပို႔သြားမည္ျဖစ္ကာ ထီဆုကံထူးပါက မိုဘိုင္းလ္ဖုန္းမွ အသိေပးစာေပးပို႔သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

က်သင့္ေငြကို ဖုန္းထဲမွ ျဖတ္ေတာက္မည္ျဖစ္သျဖင့္ ေဈးႏႈန္းႀကီးျမင့္မႈ မျဖစ္ေပၚႏိုင္သကဲ့သို႔ ထီေပါက္ပါက မိုဘိုင္းလ္ဖုန္းမွတစ္ဆင့္ အသိေပးမည္ျဖစ္ျခင္းေၾကာင့္ ထီဆုေပါက္ၿပီး ဆုေငြလာေရာက္ မထုတ္ယူေသာ ျပႆနာမ်ား ေလ်ာ့ပါးႏိုင္ေၾကာင္း ၎က ေျပာၾကားသည္။

လက္ရွိတြင္ အျမင့္ဆုံးဆုေၾကးေငြက်ပ္ သိန္းတစ္ေသာင္းခြဲအထိ ခ်ီးျမႇင့္မည့္ ထီလက္မွတ္ကို ေဈးကြက္ထဲတြင္က်ပ္တစ္ေထာင္ျဖင့္ ေရာင္းခ်ရန္ သတ္မွတ္ထားေသာ္လည္း ထီပင္ရင္းဆိုင္မ်ား၊ လက္လီအေရာင္းဆိုင္မ်ားက ေဈးကြက္အတြင္း ျဖန္႔ျဖဴးေရာင္းခ်ျခင္းေၾကာင့္ သတ္မွတ္ထီေဈးထက္ ၁၀ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းအထိ ေဈးပိုေပးေနရေၾကာင္း ထီကံစမ္းသူမ်ားက ေျပာၾကားသည္။

TVJ

Unicode

ဈေးကွက်ထဲတွင် ထီဈေးနှုန်းမြှင့်တင်ရောင်းချမှုကို ထိန်းချုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်အတွင်း ထီလက်မှတ်များကို အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ သည် အီလက်ထရွန်နစ်ထီ စတင်ရန် ပြင်ဆင်နေပြီး ယခုလအတွင်း အဆိုပါထီစနစ်နိုင် စတင်ရန် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကာ လက်ရှိရောင်းချသည့် ထီလက်မှတ်ကို အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းချရန်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

” ကျွန်တော် တို့အွန်လိုင်းက တင်ရောင်းတာက ၂၀၂၀ အတွင်းမှာ ဖြစ်နိုင်တယ်။ အားလုံးကလည်း သဘောတူရင်ဖြစ်နိုင်တယ်။ တချို့တွေလည်း ကြိုးစားနေကြပြီ။ တချို့က ဆော့ဝဲလ်တွေ လုပ်ထားတာလည်း ရှိနေပြီ။ လုပ်မယ်ဆိုရင် အွန်လိုင်းပေါ်တင်ထားမယ်။ ရောင်းမယ်။ ထိုးချင်တဲ့ သူက အွန်လိုင်းပေါ်က ထိုးပေါ့ ” ဟု ၎င်းက ပြောဆိုသည်။

ပထမအဆင့်အက္ခရာတစ်လုံးကို စတင်ရောင်းချမည်ဖြစ်ပြီး ရောင်းအားကောင်းပါက အက္ခရာနှစ်လုံး၊ သုံးလုံး တိုးချဲ့ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အွန်လိုင်းပေါ်တွင် ထီလက်မှတ်တင်ထားမည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် ကံစမ်းနိုင်မည်ဖြစ်ကြောင်း၊ ထီ အက္ခရာနှင့် နံပါတ်များကို ထီကံစမ်းသူ၏ မိုဘိုင်းလ်ဖုန်းသို့ ပေးပို့သွားမည်ဖြစ်ကာ ထီဆုကံထူးပါက မိုဘိုင်းလ်ဖုန်းမှ အသိပေးစာပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျသင့်ငွေကို ဖုန်းထဲမှ ဖြတ်တောက်မည်ဖြစ်သဖြင့် ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်နိုင်သကဲ့သို့ ထီပေါက်ပါက မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အသိပေးမည်ဖြစ်ခြင်းကြောင့် ထီဆုပေါက်ပြီး ဆုငွေလာရောက် မထုတ်ယူသော ပြဿနာများ လျော့ပါးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် အမြင့်ဆုံးဆုကြေးငွေကျပ် သိန်းတစ်သောင်းခွဲအထိ ချီးမြှင့်မည့် ထီလက်မှတ်ကို ဈေးကွက်ထဲတွင်ကျပ်တစ်ထောင်ဖြင့် ရောင်းချရန် သတ်မှတ်ထားသော်လည်း ထီပင်ရင်းဆိုင်များ၊ လက်လီအရောင်းဆိုင်များက ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းကြောင့် သတ်မှတ်ထီဈေးထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဈေးပိုပေးနေရကြောင်း ထီကံစမ်းသူများက ပြောကြားသည်။

TVJ