သမီးမရွိပဲ အခန္းက သပ္ရပ္ေနျပီး စားပြဲေပၚမွာ စာတစ္ေစာင္ တင္ထားတာကို ေတြ႔ လိုက္ပါတယ္ ။စာကို ဖတ္ၾကည့္တဲ့ အခါ ……
” ခ်စ္ေသာ ေဖေဖ
ဒီစာကို ေရးရတဲ့အတြက္ စိတ္မေကာင္းပါဘူး
ေဖေဖနဲ႔ ေမေမကို တကယ္ ခ်စ္ပါတယ္ …။
သုိ႔ေပမယ့္ သမီးရဲ႕ ခ်စ္သူေနာက္ကို အျပီး လိုက္သြားပါျပီ။
စိတ္မဆိုးပါနဲ႔ ေဖေဖ…သူက သမီးအေပၚ ေကာင္းပါတယ္။
အျပင္ပန္းက တက္တူးေတြ၊ ေဆးမင္ေၾကာင္ေတြ ဘယ္ေလာက္ပဲ မ်ားမ်ား သူ သမီးကို တကယ္ခ်စ္တယ္လို႕ ခံစားမိပါတယ္ …။
သမီးထက္ ၁၄ ႏွစ္ ပုိၾကီး တယ္ေလ။ အိမ္ေထာင္ကြဲေပါ့။ သုိ႔ေပမယ့္ သူ႔ဇာတ္လမ္းေတြ ပ်က္သြားျပီိလို႔ လည္း ကတိေပး ထားတယ္ …။
သူ ကတိဖ်က္တာ ၁၅ ခါ မကေပမယ့္ ဒီတစ္ခါေတာ့ ေနာက္ဆံုး ျဖစ္မယ္လို႔ သမီး ယံုၾကည္တယ္ေလ …။
သမီးမွာလည္း ကိုယ္ဝန္ ရွိေနျပီေလ
ငယ္ေသးေပမယ့္ ဒီအရြယ္မွာ ေမြးလို႔ ဘာမွ မျဖစ္ပါဘူး။ ကေလးေတြ အမ်ားၾကီး ေမြးျပီး ဘဝ တည္ေဆာက္ဖို႔လည္း သမီး ဆႏၵရွိတယ္ …။
သူလည္း ဒီတိုင္းပဲေလ။ ဒီအတြက္ ေဖေဖ စိတ္မပူပါနဲ႔။
သူ႔မွာ အလုပ္အကိုင္ မရွိဘူး ဆုိတာ မွန္ပါတယ္။ သုိ႔ေပမယ့္ ျမိဳ ႔မွာ သူ ေဆးေျခာက္ ျဖန္႔ေတာ့မယ္ေလ …။
သမီးကို ခ်စ္ရင္ ဘယ္သူမွ မသိပါေစနဲ႔ေနာ္ …။
သမီးတို႔ ခ်မ္းသာတဲ့ တစ္ေန႔က် ေဖေဖ တို႔ကို ျပန္ေက်းဇူး ဆပ္မွာပါ။ေဖေဖ့ကိုလည္း ခ်စ္တယ္။ ခ်စ္သူကိုလည္း ခ်စ္တယ္ …။
ဒီေတာ့ သမီး ပုိခ်စ္ရတဲ့ ခ်စ္သူဆီကိုပဲ လိုက္သြားပါျပီ အေဖ ….။
ခ်စ္ျခင္းမ်ားစြာျဖင့္ …အေဖ့ရဲ ႔ သမီး ”
စာဖတ္ျပီးခ်ိန္ ေဒါသၾကီးလွတဲ့ အေဖျဖစ္သူဟာ လက္ေတြေတာင္ ကတုန္ ကရင္ ျဖစ္လာပါတယ္ …။
စာကို ဆုပ္ျဖဲမယ္အလုပ္ ေအာက္နားမွာ စာနည္းနည္း ထပ္ေရးထားတာ ေတြ႔ေတာ့ ဆက္ဖတ္လိုက္ပါတယ္ …။
PS: ေဖေဖေရ …. အေပၚက ေရးထားသမွ် တစ္ခုမွ မမွန္ပါဘူးေနာ္။
အခု သမီး ေဘးက သူငယ္ခ်င္း အိမ္မွာပါ …။
ေလာကမွာ ထင္ထားတာေတြ (သမီး ရီပုိ႔ကဒ္) ထက္ အရမ္းဆုိးရြားတဲ့ အရာေတြ ရွိေသး၊ ျဖစ္ႏိုင္ေသး တာကို သမီး ေျပာျပခ်င္တာပါ …။
ေလာေလာဆယ္ စားပြဲ အံဆြဲထဲမွာ ေက်ာင္းက ေပးတဲ့ ရီပုိ႔ကဒ္ ( Report card ) ထားထားတယ္ ေဖေဖ …
အမွတ္နဲ႔ အဆင့္ကို မၾကည့္ပဲ လက္မွတ္ ထိုးေပးေနာ္ …။
သမီးကို ခ်စ္လုိ႔ စိတ္ဆုိးေျပရင္ ဖုန္းဆက္ ေခၚလိုက္ေနာ္ I love you Daddy …
Credit:LoveShortNotes
Unicode
အပျိုဖော်ဝင်ခါစ ၁၆ နှစ်သမီးလေး အခန်းထဲကို အဖေတစ်ယောက် ဝင်ကြည့်တဲ့အခါ…
သမီးမရှိပဲ အခန်းက သပ်ရပ်နေပြီး စားပွဲပေါ်မှာ စာတစ်စောင် တင်ထားတာကို တွေ့ လိုက်ပါတယ် ။စာကို ဖတ်ကြည့်တဲ့ အခါ ……
” ချစ်သော ဖေဖေ
ဒီစာကို ရေးရတဲ့အတွက် စိတ်မကောင်းပါဘူး …။
ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ် …။
သို့ပေမယ့် သမီးရဲ့ ချစ်သူနောက်ကို အပြီး လိုက်သွားပါပြီ။
စိတ်မဆိုးပါနဲ့ ဖေဖေ…သူက သမီးအပေါ် ကောင်းပါတယ်။
အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ သမီးကို တကယ်ချစ်တယ်လို့ ခံစားမိပါတယ် …။
သမီးထက် ၁၄ နှစ် ပိုကြီး တယ်လေ။ အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ လည်း ကတိပေး ထားတယ် …။
သူ ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်မယ်လို့ သမီး ယုံကြည်တယ်လေ …။
သမီးမှာလည်း ကိုယ်ဝန် ရှိနေပြီလေ …။
ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေ အများကြီး မွေးပြီး ဘဝ တည်ဆောက်ဖို့လည်း သမီး ဆန္ဒရှိတယ် …။
သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ စိတ်မပူပါနဲ့။
သူ့မှာ အလုပ်အကိုင် မရှိဘူး ဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို ့မှာ သူ ဆေးခြောက် ဖြန့်တော့မယ်လေ …။
သမီးကို ချစ်ရင် ဘယ်သူမှ မသိပါစေနဲ့နော်
သမီးတို့ ချမ်းသာတဲ့ တစ်နေ့ကျ ဖေဖေ တို့ကို ပြန်ကျေးဇူး ဆပ်မှာပါ။ဖေဖေ့ကိုလည်း ချစ်တယ်။ ချစ်သူကိုလည်း ချစ်တယ် …။
ဒီတော့ သမီး ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ အဖေ ….။
ချစ်ခြင်းများစွာဖြင့် …အဖေ့ရဲ ့ သမီး ”
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့ အဖေဖြစ်သူဟာ လက်တွေတောင် ကတုန် ကရင် ဖြစ်လာပါတယ် …။
စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်လိုက်ပါတယ် …။
PS: ဖေဖေရေ …. အပေါ်က ရေးထားသမျှ တစ်ခုမှ မမှန်ပါဘူးနော်။
အခု သမီး ဘေးက သူငယ်ချင်း အိမ်မှာပါ
လောကမှာ ထင်ထားတာတွေ (သမီး ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို သမီး ပြောပြချင်တာပါ …။
လောလောဆယ် စားပွဲ အံဆွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် ( Report card ) ထားထားတယ် ဖေဖေ …
အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ် ထိုးပေးနော် …။
သမီးကို ချစ်လို့ စိတ်ဆိုးပြေရင် ဖုန်းဆက် ခေါ်လိုက်နော် I love you Daddy …
Credit:LoveShortNotes