အီ ရန္ႏိုင္ငံဆိုင္ရာ သံအမတ္ Rob Macair ကို ႏိုင္ငံတကာဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ အီရန္အစိုးရက (၃)နာရီၾကာ ဖမ္းဆီးခဲ့ပါတယ္။

ယူက ရိန္း ေလယာဥ္ကို မွားယြင္းပစ္ခ်မႈဝန္ခံတဲ့ အီရန္အစိုးရကို ျပည္သူေတြက ရႉတ္ခ်ဆႏၵျပတဲ့ အခုလ(၁၂)ရက္က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ဆႏၵျပပြဲကို သြားၾကည့္တဲ့ သံအမတ္ႀကီးကို ေျပာင္ေျပာင္တင္းတင္ ဥပေဒခ်ိဳးေဖာက္တယ္လို႔ဆိုၿပီး ၃ နာရီၾကာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ သံ႐ုံးကိုအျပန္ ဆံပင္ညႇပ္ဆိုင္အဝင္မွာ သူ႔ကို ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

သံအမတ္ႀကီးအဖမ္းခံရတာနဲ႔ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံျခား ေရး႐ုံးရဲ႕ထုတ္ျပန္ခ်က္မွာေတာ့ သံအမတ္ႀကီး Rob Macair ကို ခိုင္လုံတဲ့ ရွင္းျပခ်က္မရွိပဲ ႏိုင္ငံတကာဥပေဒကို ေျပာင္ခ်ိဳး ေဖာက္တယ္လို႔ ေျပာထားပါတယ္။ အီရန္အစိုးရဟာ လမ္းဆုံလမ္းခြကို ေရာက္ေနတယ္၊ ႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ အထီးက်န္မႈအားလုံးနဲ႔အတူ အပယ္ခံအဆင့္ကို ဆက္သြား ရႏိုင္တယ္၊ ဒါမွမဟုတ္ တင္းမာမႈေတြ အရွိန္ျမင့္ၿပီး သံတမန္ေရးလမ္းေၾကာင္းမွာ ထိတိုက္ ေတြ႕ဆုံႏိုင္တယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးက ေက်ညာခ်က္မွာ ေျပာသြားပါတယ္။

Ref – BBC

Unicode

အီ ရန်နိုင်ငံဆိုင်ရာ သံအမတ် Rob Macair ကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုနဲ့ အီရန်အစိုးရက (၃)နာရီကြာ ဖမ်းဆီးခဲ့ပါတယ်။

ယူက ရိန်း လေယာဉ်ကို မှားယွင်းပစ်ချမှုဝန်ခံတဲ့ အီရန်အစိုးရကို ပြည်သူတွေက ရှူတ်ချဆန္ဒပြတဲ့ အခုလ(၁၂)ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို သွားကြည့်တဲ့ သံအမတ်ကြီးကို ပြောင်ပြောင်တင်းတင် ဥပဒေချိုးဖောက်တယ်လို့ဆိုပြီး ၃ နာရီကြာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သံရုံးကိုအပြန် ဆံပင်ညှပ်ဆိုင်အဝင်မှာ သူ့ကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သံအမတ်ကြီးအဖမ်းခံရတာနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြား ရေးရုံးရဲ့ထုတ်ပြန်ချက်မှာတော့ သံအမတ်ကြီး Rob Macair ကို ခိုင်လုံတဲ့ ရှင်းပြချက်မရှိပဲ နိုင်ငံတကာဥပဒေကို ပြောင်ချိုး ဖောက်တယ်လို့ ပြောထားပါတယ်။ အီရန်အစိုးရဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အထီးကျန်မှုအားလုံးနဲ့အတူ အပယ်ခံအဆင့်ကို ဆက်သွား ရနိုင်တယ်၊ ဒါမှမဟုတ် တင်းမာမှုတွေ အရှိန်မြင့်ပြီး သံတမန်ရေးလမ်းကြောင်းမှာ ထိတိုက် တွေ့ဆုံနိုင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကျေညာချက်မှာ ပြောသွားပါတယ်။

Ref – BBC