အ ႏုပညာရွင္စုံတြဲေတြရဲ့ အခ်စ္ဆိုတာက လက္ထပ္ၿပီးခါမွသာ ဖူးစာဖက္ အစစ္လို႔ သတ္မွတ္ရ မလိုပါ။ လက္ထပ္ၿပီး ေနာက္ပိုင္းမွာလည္း အခန႔္မသင့္ရင္ ကြဲသြားၾကတဲ့ နာမည္ႀကီး အႏုပညာရွင္ေတြ ေရွ႕ေျပးသာဓက ရွိတာမို႔ ဒါလည္းပဲ ခန႔္မွန္းရ ခက္ပါတယ္။

ျမန္မာနိုင္ငံမွာ ပရိသတ္ေတြ အားက်ရေလာက္ေအာင္ အႀကီးႀကီး ခ်စ္ခဲ့ၿပီးမွ လမ္းခြဲလိုက္တဲ့ စုံတြဲကေတာ့ သူရိယနဲ႔ ဆုအိမ့္စံ ၊ နန္းဆုနဲ႔ G-Fatt တို႔က လတ္တေလာ လူေျပာအမ်ားဆုံး ျဖစ္ေနပါတယ္။

ဆုအိမ့္စံနဲ႔ သူရိယတို႔ ခ်စ္သူႏွစ္ဦးက တစ္ေယာက္မရွိရင္ တစ္ေယာက္ မေနနိုင္ေလာက္တဲ့ အေနအထားနဲ႔ လူသိရွင္ၾကား ခ်စ္ခဲ့ၿပီးကာမွ ေစ့စပ္ေၾကာင္းလမ္းမႈကို ေယာက်္ားေလးဘက္က ဖ်က္သိမ္းလိုက္တာ ျဖစ္ပါတယ္။

မိန္းကေလးရွင္အေနနဲ႔ ထိခိုက္နစ္နာမႈေတြ ရွိသလို အႏုပညာေလာကသားမို႔ ဂုဏ္သိကၡာကိုပါ ထိခိုက္ေစခဲ့တာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး လုပ္ရေလာက္တဲ့ထိ အေၾကာင္းအရင္းက ႏွစ္ဦးၾကား ရွိထားမယ္ ဆိုေပမဲ့ ပရိသတ္ႀကီးကေတာ့ အားမလို အားမရ ျဖစ္ခဲ့ရပါတယ္။

ဝမ္းနည္းမႈေတြကို ေျဖေဖ်ာက္ဖို႔ ဆုအိမ့္စံ တစ္ေယာက္ အခ်ိန္အေတာ္ေလး ယူခဲ့ရသလို လက္ရွိအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြ ျပန္စတင္ၿပီး Dancing with the Stars မွာ အေကာင္းဆုံး ပါဝင္ထားတာ ျဖစ္ပါတယ္။ အေပၚယံမွာ ေပ်ာ္ခ်င္ေယာင္ ေဆာင္ေပမဲ့ ရင္ထဲမွာ ပင္ပန္းေနၿပီ ျဖစ္ေၾကာင္းကိုေတာ့ ဆုအိမ့္စံက ခုလို ေရးသားထားပါတယ္။“စိတ္ေရာလူေရာပင္ပန္းေနၿပီ…စိတ္ညစ္စရာေတြ အမ်ားႀကီး ရွိခဲ့ေပမယ့္လည္း..အတတ္နိုင္ဆုံး ေပ်ာ္ေအာင္ေနၿပီး အရာအားလုံး တတ္နိုင္သမၽွ အေကာင္းဆုံး ႀကိဳးစားခဲ့ေသာ္လည္း… ကိုယ့္ဘက္ငွဲ႕ၾကည့္သူ တေယာက္မွ မရွိခဲ့ဖူး။

ေနာက္ဆုံးေတာ့ သိလိုက္ပါၿပီ… ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ကိုယ့္အတြက္ၾကည့္ေပး ဌဲ့ညာေပးတာဆိုလို႔ ေမေမနဲ႔ေဖေဖပဲရွိတယ္… ကိုယ္ခ်စ္တဲ့မိဘအတြက္ အားတင္းထားပါတယ္. ဆိုၿပီး ခံစားခ်က္အမွန္ကို ပရိသတ္ဆီ ခ်ျပခဲ့တာပါ။အရင္ကထက္ ပိုၿပီး လွပေခ်ာေမာေနတဲ့ ဆုအိမ့္စံကို ျမင္ရခ်ိန္မွာ ခံစားရသမၽွ ေဝဒနာေတြ ေပ်ာက္ကင္းသြားၿပီလို႔ ထင္ရေပမဲ့ တကယ္တမ္း နာက်င္ေနတာကိုေတာ့ ပရိသတ္ေတြက ျမင္နိုင္စြမ္း မရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ဆုအိမ့္စံတစ္ေယာက္ အရင္လို ေပ်ာ္ရႊင္မႈေတြနဲ႔ ပရိသတ္ေရွ႕ေမွာက္မွာ ျပန္လည္ ရပ္တည္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

အ နုပညာရှင်စုံတွဲတွေရဲ့ အချစ်ဆိုတာက လက်ထပ်ပြီးခါမှသာ ဖူးစာဖက် အစစ်လို့ သတ်မှတ်ရ မလိုပါ။ လက်ထပ်ပြီး နောက်ပိုင်းမှာလည်း အခန့်မသင့်ရင် ကွဲသွားကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ ရှေ့ပြေးသာဓက ရှိတာမို့ ဒါလည်းပဲ ခန့်မှန်းရ ခက်ပါတယ်။

မြန်မာနိုင်ငံမှာ ပရိသတ်တွေ အားကျရလောက်အောင် အကြီးကြီး ချစ်ခဲ့ပြီးမှ လမ်းခွဲလိုက်တဲ့ စုံတွဲကတော့ သူရိယနဲ့ ဆုအိမ့်စံ ၊ နန်းဆုနဲ့ G-Fatt တို့က လတ်တလော လူပြောအများဆုံး ဖြစ်နေပါတယ်။

ဆုအိမ့်စံနဲ့ သူရိယတို့ ချစ်သူနှစ်ဦးက တစ်ယောက်မရှိရင် တစ်ယောက် မနေနိုင်လောက်တဲ့ အနေအထားနဲ့ လူသိရှင်ကြား ချစ်ခဲ့ပြီးကာမှ စေ့စပ်ကြောင်းလမ်းမှုကို ယောကျ်ားလေးဘက်က ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

မိန်းကလေးရှင်အနေနဲ့ ထိခိုက်နစ်နာမှုတွေ ရှိသလို အနုပညာလောကသားမို့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ရလောက်တဲ့ထိ အကြောင်းအရင်းက နှစ်ဦးကြား ရှိထားမယ် ဆိုပေမဲ့ ပရိသတ်ကြီးကတော့ အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။

ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဆုအိမ့်စံ တစ်ယောက် အချိန်အတော်လေး ယူခဲ့ရသလို လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေ ပြန်စတင်ပြီး Dancing with the Stars မှာ အကောင်းဆုံး ပါဝင်ထားတာ ဖြစ်ပါတယ်။ အပေါ်ယံမှာ ပျော်ချင်ယောင် ဆောင်ပေမဲ့ ရင်ထဲမှာ ပင်ပန်းနေပြီ ဖြစ်ကြောင်းကိုတော့ ဆုအိမ့်စံက ခုလို ရေးသားထားပါတယ်။“စိတ်ရောလူရောပင်ပန်းနေပြီ…စိတ်ညစ်စရာတွေ အများကြီး ရှိခဲ့ပေမယ့်လည်း..အတတ်နိုင်ဆုံး ပျော်အောင်နေပြီး အရာအားလုံး တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း… ကိုယ့်ဘက်ငှဲ့ကြည့်သူ တယောက်မှ မရှိခဲ့ဖူး။

နောက်ဆုံးတော့ သိလိုက်ပါပြီ… ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြည့်ပေး ဌဲ့ညာပေးတာဆိုလို့ မေမေနဲ့ဖေဖေပဲရှိတယ်… ကိုယ်ချစ်တဲ့မိဘအတွက် အားတင်းထားပါတယ်. ဆိုပြီး ခံစားချက်အမှန်ကို ပရိသတ်ဆီ ချပြခဲ့တာပါ။အရင်ကထက် ပိုပြီး လှပချောမောနေတဲ့ ဆုအိမ့်စံကို မြင်ရချိန်မှာ ခံစားရသမျှ ဝေဒနာတွေ ပျောက်ကင်းသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်း နာကျင်နေတာကိုတော့ ပရိသတ်တွေက မြင်နိုင်စွမ်း မရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဆုအိမ့်စံတစ်ယောက် အရင်လို ပျော်ရွှင်မှုတွေနဲ့ ပရိသတ်ရှေ့မှောက်မှာ ပြန်လည် ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။