


Unicode

ပြည် သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့အာရုံကိုသူမဆီကလွင့်မပြယ်သွားအောင် မရိုးနိုင်သော ဆန်းသစ်မှုတွေနဲ့ဖမ်းစားထားနိုင်သူပဲဖြစ်ပါတယ်။သင်ဇာကတော့ ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ပြီး ယနေ့အချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်နော်။

လက်တလော မှာဆိုရင်တော့ သင်ဇာပါဝင်သရုပ်ဆောင်ထားတဲ့”မြမြ”ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေရဲ့ကြားမှာ အရမ်းရေပန်းစားနေတာဖြစ်ပါတယ်။သင်ဇာက ပွဲအခမ်းအနားတွေလည်းတက်ရောက်နေပြီး မရိုးသွားနိုင်တဲ့ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်အများအပြားရဲ့စောင့်ကြည့်အားပေးခြင်းကို ရရှိနေတာပါနော်။

သင်ဇာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိတိုင် နုပျိုလှပနေတဲ့သူဖြစ်ပါတယ်။အခုဆိုရင်တော့ အမြဲတမ်းနုပျိုနေတဲ့ အကယ်ဒမီရဲအောင်နဲ့တွေ့ဆုံတုန်းလေးမှာ အမှတ်တရဓာတ်ပုံလေးရိုက်ကူးထားပြီး သင်ဇာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။Photo :Thin Zar Wint Kyaw’sFacebook/Amazing Grace