ပုံ ပါ အမျိုးသမီးအား တွေ့ရှိသူများမှ ဝိုင်းဝန်းကူညီ ဆက်သွယ် အကြောင်းကြားပေးကြပါရန် နှင့် အွန်လိုင် သုံးသူများမှ မျှဝေပေးကြပါရန်

ဇန်နဝါရီ(၁၂) AlinnMyay(အလင်းမြေ)

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာမှ မယုဇနအေး အသက်(၂၅) နှစ် သည် ခင်ပွန်းဖြစ်သူကို အသိပေးခြင်း မရှိပဲ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ (၁၁.၁.၂၀၂၀) နေ့ မနက် (၁၀) နာရီကားဖြင့် မန္တလေးဘက်ကို စီးနင်းလိုက်ပါသွားကြောင်း နှင့် ထိုမှ တဆင့် ထိုင်းနိုင်ငံဘက်ကို (၁၃.၁.၂၀၂၀) နေ့ သွားမည်ဖြစ်ကြောင်း သူ့မရဲ့ သူငယ်ချင်းဖြစ်သူ ပြောပြချက်အရ သိရတယ်လို့ ၄င်း၏ ခင်ပွန်းဖြစ်သူမှ ပြောပါတယ်။

(၁၁.၁.၂၀၂၀) နေ့ မှာပဲ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းသို့ လူပျောက်တိုင်တန်း ထားပြီးဖြစ်ကြောင်း အထောက်အထားများ၊ ဓာတ်ပုံများကို AlinnMyay(အလင်းမြေ)မီဒီယာသို့ ပေးပို့ကာ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြကြော်ငြာပေးပါရန် ခင်ပွန်းဖြစ်သူ ကိုမြတ်သိန်းထွန်းမှ အကူအညီတောင်းခံလာခဲ့ပါသည်။

“ကျွန်တော်နဲ့ စကားများတာ ရန်ဖြစ်တာလည်း ကြီးကြီးမားမား မရှိပါဘူး။ သူအလုပ်လုပ်နေတဲ့ အလုပ်က အမျိုးသမီးတွေ တစ်ချို့လည်း အရင်က သူ့လိုပဲ ထွက်သွားပြီး အလုပ်သွားလုပ်ကြတယ်။ တစ်ချို့လည်း ကောင်းကောင်းမွန်မွန်ပဲ။ တစ်ချို့ကျတော့လည်း အဖမ်းခံရတာတွေနဲ့ ကောင်းကောင်း ပြန်မလာနိုင်တာတွေ ရှိတော့ ကျွန်တော် စိတ်ပူတယ်” လို့ ယခုပျောက်ဆုံးနေသူ မယုဇနအေး ရဲ့ ခင်ပွန်းဖြစ်သူ ကိုမြတ်သူအောင်မှ AlinnMyay(အလင်းမြေ)မီဒီယာသို့ ပြောသည်။

ထို့ကြောင့် AlinnMyay(အလင်းမြေ)မီဒီယာ ပရိသတ်ကြီးနဲ့ အတူ အွန်လိုင်းသုံးသူမိဘပြည်သူများမှ အဆိုပါ ပျောက်ဆုံးနေသူ မယုဇနအေး အား တွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်သို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် AlinnMyay(အလင်းမြေ)မီဒီယာ မှ လေးစားစွာဖြင့် ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။

အဆိုပါ အိမ်ကနေ ထွက်သွားသူ တွေ့ရှိပါက ဆက်သွယ်ရန် ဖုန်း – 09268843021 သို့ အကြောင်းကြားပေးကြပါရန် နှင့် ယခုကြော်ညာပို့အား မျှဝေပေးကြပါရန် လေးစားစွာဖြင့်….

AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ